0

Covid-safe စားသောက်ဆိုင်များ အမ်စတာဒမ်တွင် အစမ်းဖွင့်လှစ်

Share

ဥရောပတွင် Lockdown ချထားသည့်မြို့များအား တဖြေးဖြေး ဖြေလျှော့ပေးလာပြီး စားသောက်ဆိုင်များတွင် ပြန်လည်လာရောက်စားသောက်နိုင်ကြရန် လုံခြုံစိတ်ချသည့် နည်းလမ်းများအား ရှာဖွေ အကောင်အထည်ဖော်လျက်ရှိသည်။
ယခု အမ်စတာဒမ်နိုင်ငံတွင် အသစ်တီထွင်ထားသည့် နည်းလမ်းတရပ်အား စားသောက်ဆိုင်များတွင်အသုံးချလျက် အစမ်းသဘော ဖွင့်လှစ်လျက်ရှိသည်။ စားသောက်ဝိုင်းများအား ဖန်လုံအိမ်ပုံစံငယ်များထဲတွင် တည်ခင်းထားပြီး တခုနှင့်တခု အကွာအဝေးခြားထားစေသည်။ စားသောက်ပန်းကန်များချခြင်းနှင့် အစားအသောက်မှာယူချိန်တွင် ဝန်ဆောင်မှုပေးသည့် ဝန်ထမ်းများသည် စည်းတခုထက် မကျော်လွန်စေဘဲ လက်အိတ်နှင့် face mask များကိုလဲ ဝတ်ဆင်ထားစေသည်။ ထို့အပြင် အစားအသောက်များ ချပေးသည့်အခါ လင်ဗန်းအရှည်များကိုသာ အသုံးပြုထားသဖြင့် အဝေးမှနေ၍ စားသောက်ပန်းကန်များကို ဧည့်သည်ဆီ ပို့ပေးနိုင်သည်။ ထိုနည်းလမ်းက အိမ်ထဲတွင် အထီးကျန်နေသော လူများအား မိတ်ဆွေသူငယ်ချင်းများနှင့် လုံခြုံစွာ ပြန်လည်ဆုံစည်းခွင့်ပေးနိုင်သည့် နည်းလမ်းကောင်းတရပ်ဖြစ်မည်ဟု မျှော်လင့်ရသည်။

 

 

ဂျွန်လ ၁ ရက်နေ့တွင် ဒတ်ချ် ဘားများအား ကန့်သတ်ချက်များဖြင့် ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဖြစ်သည်။ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ ဘား၊ ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံနှင့် ပြတိုက်များလည်း စည်းကမ်းသတ်မှတ်ချက်များဖြင့် မကြာခင်ပြန်လည်ဖွင့်လှစ်နိုင်တော့မည် ဖြစ်ပြီး ကြိုတင်စာရင်းပေးသွင်းခြင်း၊ လူတယောက်နှင့်တယောက် ၁.၅ မီတာ ကွာဝေးရန် စသည့် စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC News
Video produced by Maarten Willems and Kate Vandy

%d bloggers like this: