အမေရိကန်အွန်လိုင်းဈေးလက်လီလုပ်ငန်းကြီး Amazon သည် ဝန်ထမ်းများလျှော့ချမည်ဟု နိုဝင်ဘာလအတွင်းက ကြေညာထားပြီး ယခုအခါ လျှော့ချမည့် အရေအတွက်သည် ၁၈,၀၀၀ ကျော် ရှိလာမည်ဟု အမှုဆောင်ချုပ် အန်ဒီဂျက်ဆီက ပြောကြားခဲ့သည်။
အဆိုပါပမာဏမှာ ကော်ပိုရေးရှင်း၏ ဝန်ထမ်းစုစုပေါင်း ၃ သိန်းခန့်၏ ၆% လည်း ဖြစ်သည်။
သို့သော်လည်း ၎င်းတို့ကုမ္ပဏီ ၁ ခုတည်း အလုပ်အကိုင်များ လျှော့ချနေသည်မဟုတ်ပဲ အခြား အမေရိကန်နည်းပညာလုပ်ငန်းကြီးများလည်း ပြီးခဲ့သည့် လများအတွင်း ဝန်ထမ်းများ အမြောက်အများ လျှော့ချလာနေခဲ့သည်။
မာ့ဇူကာဘတ်၏ Meta ကုမ္ပဏီက ဝန်ထမ်းဦးရေ ၁၁,၀၀၀ ၊ ကွန်ပျူတာများထုတ်လုပ်သော HP က ဝန်ထမ်း ၆,၀၀၀ ၊ အီလွန်မက် ဝယ်ယူပြီးစီးခဲ့သော လူမှုမီဒီယာ တွစ်တာက ဝန်ထမ်း ၃၇၅၀ နှင့် Snapchat ကုမ္ပဏီက ဝန်ထမ်း ၁၃၀၀ ကို လျှော့ချကြောင်း ကြေညာခဲ့ခြင်းများ ရှိနေသည်။
အခြားနည်းပညာထိပ်သီးကုမ္ပဏီ Apple သည်လည်း ရှယ်ယာဈေးနှုန်းကျဆင်းမှုကို ကြုံနေရပြီး တရုတ်ကပ်ဘေး တကျော့ပြန်ဖြစ်နေမှုကြောင့် ထုတ်လုပ်ရေးနှင့် ကုန်စည်စီးဆင်းရေးလမ်းကြောင်းများ ကမောက်ကမ ဖြစ်နေခဲ့ခြင်းက လုပ်ငန်းတန်ဖိုး ဒေါ်လာ ၂ ထရီလျံ၏ အောက်သို့ ကျဆင်းသွားမှုကို ရင်ဆိုင်နေရသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: The Guardian, Daily Mail, UK tech news
Image: The Brussel Times