ကုမ္ပဏီပိုင်ဆိုင်မှု၏ ၁၀% နီးပါးကို လစ်သီယမ်တူးဖေါ်ရေးအတွက် အမေရိကန်ပြည်ထောင်စု၊ တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် ရင်းနှီးမြှုပ်နှံရန် US ဓါတုကုန်ထုတ်လုပ်ရေးလုပ်ငန်း ဖြစ်သော Albemarle က စီစဉ်နေသည်။
လျှပ်စစ်ကားများ၏ ဘက်ထရီအတွက် အဓိကသတ္ထုဖြစ်သော လစ်သီယမ်ကို တရုတ်ကုမ္ပဏီများက ကြီးစိုးထားနိုင်နေပြီး လစ်သီယမ်တူးဖေါ်ရေးနေရာများမှာ နိုင်ငံအတော်များများတွင် အမြောက်အများ ရှိမနေချေ။
Albemarle ၏ ယခု မိုင်းတွင်းတွင် လျှပ်စစ်ကား အစီးရေ ၂.၄ သန်းကို ပံ့ပိုးကူညီပေးနိုင်မည့် လျှပ်စစ်ကားသုံးဘက်ထရီအတွက် တန်းဝင်ပစ္စည်းဖြစ်သော လစ်သီယမ် ဟိုက်ဒရောက်ဆိုက် တန်ချိန် ၅၀,၀၀၀ ကို နှစ်စဉ် ထုတ်လုပ်ပေးနိုင်မည်ဟု တွက်ချက်ထားသည်။
သတ္ထုမိုင်းတွင်း တည်ဆောက်ပြီးပါက အလုပ်အကိုင် ၃၀၀ ဖန်တီးပေးနိုင်မည်ဖြစ်သလို ဆောက်လုပ်နေစဉ်တွင်လည်း လုပ်သား ၁,၅၀၀ ခန့် အလုပ်အကိုင် ရရှိမည်ဟု ကုမ္ပဏီ၏ အမှုဆောင်ချုပ် Kent Masters က ပြောကြားခဲ့သည်။
ကုမ္ပဏီသည် သတ္ထုတူးဖေါ်ရေး လုပ်ငန်းခွင် တည်ဆောက်ရန် တောင်ကယ်ရိုလိုင်းနား၊ ချက်စတာ ကောင်တီ တွင် မြေ ဧက ၈၀၀ ခန့်ကို ဝယ်ယူခဲ့သည်။
လျှပ်စစ်ကားများအတွက် လစ်သီယမ်တူးဖေါ်ရေး လုပ်ငန်းခွင်များကို အမေရိကန်ကုမ္ပဏီများနှင့် အခြား လက်တင်အမေရိက၊ တောင်အမေရိက၊ ဩစတေးလျတိုက်ရှိ တူးဖေါ်ရေးနေရာများ စသည်တို့တွင် ဈေးကွက်ဝေစု ပိုမိုရရှိရန် လုပ်ဆောင်နေကြပြီး လစ်သီယမ်ဘက်ထရီဈေးကွက်အတွက် ကိုယ်ပိုင် သတ္ထုတူးဖေါ်ရေး နေရာ နည်းပါးနေသည်မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ – EU Members နိုင်ငံများ ဖြစ်နေသည်ဟုလည်း သိရသည်။
ပုံမှာ – မြောက်ကယ်ရိုလိုင်းနားရှိ လစ်သီယမ်တူးဖေါ်ရေး လုပ်ငန်းခွင် ၁ ခု ဖြစ်သည်
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Manufacturing Guide, Reuters Business, Shanghai Metals Market, POLITICO EU, Mining
Image: Grist