လေယာဉ်ပေါ်မတက်မီ ကိုယ်အလေးချိန်ချိန်ခိုင်းမည့် New Zealand လေကြောင်းလိုင်း

Share

နယူးဇီလန် အမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာသို့ထွက်ခွါမည့် ခရီးသည်များအား လေယာဉ်ပေါ်မတက်မီ ကိုယ်အလေးချိန် တိုင်းတာရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

လေယာဉ်မောင်း pilots များက လေယာဉ်တက်ချိန်နှင့်ဆင်းချိန်တွင် လေယာဉ်၏ အလေးချိန်နှင့် ချိန်ညှိချက်ကို ပိုမိုနားလည်စေရန်အတွက် ခရီးသည် ၁,၀၀၀ အား ကိုယ်အလေးချိန်ချိန်ခိုင်းသည့် စစ်တမ်းကောက်ယူသွားမည်ဟုဆိုသည်။ ကိုယ်အလေးချိန် ဒေတာအချက်အလက်များကို ပြင်ပသို့ ပေါက်ကြားမှုမရှိစေပဲ လျှို့ဝှက်ထားမည်ဟု လေကြောင်းလိုင်းကဆိုသည်။

လေယာဉ်မတက်မီ ကုန်စည်၊ အစားအသောက်၊ ခရီးဆောင်အိတ်စသည့် လေယာဉ်ပေါ်သို့တင်ဆောင်သည့် အရာအားလုံး၏ အလေးချိန်ကို‌ေကြာင်းလိုင်းက ချိန်တွယ်လေ့ရှိသည်ဟု လေကြောင်းလိုင်း၏ တာဝန်ရှိသူတဉီးဖြစ်သူ Alastair James ကဆိုသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: AP News, BBC
Photo: Getty Images

%d bloggers like this: