0

မလေး အဲအေးရှား လေကြောင်း၏ တည်ထောင်သူအကြီးအကဲများ လစာမယူတော့ပဲ၊ ဝန်ထမ်းများကလည်း လစာ၏ ၇၅% ထိ ဖြတ်တောက်ခံပါမည်ဟု သဘောတူကြ

Share

ကွာလာလမ်ပူ : မလေးရှား၏ ဘတ်ဂျတ်လေကြောင်းလိုင်းကြီးဖြစ်သော အဲအေးရှား၏ စတင်တည်ထောင်သူများသည် ယခု ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကာလအတွင်း လစာများမယူတော့ဟု သိရပြီး လေကြောင်းလိုင်း၏ ဝန်ထမ်းများကလည်း မိမိတို့ လစာ၏ ၇၅% ထိ ဖြတ်တောက်ခံရန် သဘောတူခဲ့ကြသည်ဟု အမှုဆောင်အရာရှိချုပ်က စနေနေ့က ပြောကြားခဲ့သည်။
လေကြောင်းလိုင်း ပိုင်ရှင်ဖြစ်သူ တိုနီဖာနန်ဒက်စ်က သူကိုယ်တိုင်နှင့် Executive Chairman ဖြစ်သူ ခါမာရူဒင် မာရနန် တို့ လစာယူတော့မည် မဟုတ်ကြောင်း၊ ဝန်ထမ်းများကလည်း ၁၅% မှ ၇၅% ထိ လစာ ယာယီဖြတ်တောက်မှု ခံကြမည် ဖြစ်ကြောင်း၊ ယခု ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကြောင့် လုပ်ငန်းအပေါ် သက်ရောက်မှုကောင်းများ ရှိလာမည်ဖြစ်ကြောင်း အင်စတာဂရမ်တွင် ရေးသားခဲ့သည်။


အဆိုပါ လေကြောင်းလိုင်းသည် ယခုအခါ ဝင်ငွေ လုံးဝမရှိတော့ပဲ၊ ၉၆% သော ခရီးစဉ်များလည်း ပိတ်သိမ်းထားရပြီဖြစ်သည်။
ဆက်လက်၍ တိုနီဖာနန်ဒက်စ်ကပင် လေကြောင်းလိုင်းအနေဖြင့် အခြား ဘဏ္ဍာရေးကိစ္စရပ်များလည်းရှိသေးကြောင်း၊ လောင်စာဆီ လုပ်ငန်းရှင်များဘက်သို့လည်း ညှိုနှိုင်းနေကြောင်း၊ လေဆိပ် နေရာအငှား ကိုယ်စားလှယ်များ စသည်တို့နှင့်လည်း ဆွေးနွေးနေကြောင်း ဆိုသည်။


ယခု အခါတွင် လေကြောင်းလိုင်းအသုံးပြုသူခရီးသည်များကိုလည်း ပြန်အမ်းငွေ ရယူခြင်းထက် ဖျက်သိမ်းလေကြောင်းခရီးစဉ်များအတွက် နောက်အကြိမ်စီးနင်းခွင့် Credit Offer များ သာ လက်ခံပေးကြဖို့ တောင်းဆိုခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Like & Share လုပ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
Orio Economics

source: twimg, cnbc, ifn, googleusercontent

%d bloggers like this: