0

လူမည်းနဲ့ လက်တင်အမေရိက ဝန်ထမ်းတွေကို ပိုမိုခန့်အပ်ဖို့ ကတိပြုခဲ့တဲ့ Adidas

Share

       ဂျာမန်အားကစားပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Adidasဟာ အမေရိကန်က လူမည်း အဖွဲ့အစည်းတွေ တိုးတက်ရေးအတွက် ဒေါ်လာ သန်း၂၀ခန့် အသုံးပြုဖို့ လျာထားပြီး ကပ်ကြီးပြီးချိန်မှာလည်း လစ်လပ်လာမဲ့ ဝန်ထမ်းနေရာသစ်တွေအတွက်လည်း အနည်းဆုံး ၃၀ရာခိုင်နှုန်းကို လူမည်းနဲ့ လက်တင်အမေရိက လူမျိုးတွေကို ခန့်အပ်မှာဖြစ်တယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။ Adidas ဟာအရင်ကတည်းက brand ambassador အဖြစ် လူမည်းအားကစားသမားတွေ အများအပြားနဲ့ လက်တွဲခဲ့ဖူးသလို သူရဲ့ ရှုးဖိနပ်နဲ့ ထရက်ဆုဟာဆိုရင် ဟစ်ဟော့လောကရဲ့ အမှတ်သင်္ကေတအဖြစ် ၁၉၈၀ ကစလို့ ခုချိန်ထိ စွဲစွဲမြဲမြဲ ခေတ်စားနေတုန်းပါပဲ။
       Adidas ရဲ့ CEO ကတ်စပါရော့စတတ်ကတော့ သူတို့ကုမ္ပဏီဟာ လူမည်းအဖွဲ့အစည်းတွေနဲ့ လူမည်းစွမ်းဆောင်ရှင်တွေကို အမြဲ ချီးကျူးအားပေးနေကြောင်းနဲ့ ကုမ္ပဏီကိုလည်း လူမျိုးရေးမခွဲခြားတဲ့ အသားအရောင်မပိုင်းခြားတဲ့ လုပ်ငန်းခွင်ဖြစ်နေစေဖို့ အမြဲကြိုးစားနေတဲ့ အကြောင်းပြောကြားသွားပါတယ်။ အပေါ်မှာပြောခဲ့တဲ့ ဒေါ်လာသန်း ၂၀ကတော့ နောက်လာမဲ့ ၄နှစ်မှာ လူမည်းအဖွဲ့အစည်းက လူငယ်တွေအတွက် အားကစားကွင်းတွေ၊ အားကစားဖိနပ် ဒီဇိုင်းဆွဲတဲ့သင်တန်းတွေအပြင် အားကစားထရိန်နင်တွေ ဖော်ဆောင်ပေးသွားဖို့ ရည်ရွယ်ထားတာလို့ သိရပါတယ်။
       ဒါ့အပြင် လူမည်း လူငယ် အယောက် ၅၀ကို စကောလားရှစ်ပေးမဲ့ အစီအစဉ်တွေလဲ နောက်နှစ်တွေမှာ အကောင်အထည်ဖော်မှာ ဖြစ်ကြောင်း ပြောသွားပါသေးတယ်။ အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသားဖြစ်တဲ့ ဂျော့ဖလွိုက်တစ်ယောက် ရဲဖမ်းဆီးခံရစဉ် သေဆုံးသွားပြီးနောက် အမေရိကန်နိုင်ငံ တစ်ဝှမ်းမှာ ဆန္ဒပြမှုတွေ အတောမသတ်နိုင်အောင် ဖြစ်ပွားနေခဲ့သလို ခု Adidas လိုမျိုး ကုမ္ပဏီကြီးတွေကလည်း လူမည်းအဖွဲ့အစည်းတွေအတွက် ဖွံ့ဖြိုးတိုးတက်ရေး ရံပုံငွေအဖြစ်နဲ့ ဒေါ်လာသန်းနဲ့ချီပြီး မတည်လှူဒါန်းနေကြပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Henry & Co./ Pexel

%d bloggers like this: