09 Feb 2020 Ref: oscar.go.com
ဖေဖော်ဝါရီလ ၉ရက်နေ့၊ ကယ်လီဖိုးနီးယားမှာ ကျင်းပခဲ့တဲ့ ဒီပွဲမှာ တောင်ကိုးရီးယား ရှပ်ရှင်ဇာတ်ကား (Parasite) က ဆု (၄)ဆုရယူပြီး ဆုအများဆုံးဆွတ်ခူးကာ အောင်ပွဲခံခဲ့ပါတယ်။ ဒီဆုတွေထဲမှာ အကောင်းဆုံးဇာတ်ကားဆု (Best Picture Award)လဲ ပါဝင်ခဲ့ပြီး ဒါဟာ အော်စကာဆုပေးပွဲ သမိုင်းမှာ နိုင်ငံခြား ဘာသာစကား ပြောတဲ့ဇာတ်ကားတစ်ကားက ဆုရသွားတာ ပထမဆုံးပဲဖြစ်ပါတယ်။ ရုပ်ရှင်ဝေဖန်သူ အများစုက ဒါရိုက်တာ Sam Mandes ရိုက်တဲ့ (1917) ဇာတ်ကားရနိုင်မယ်လို့ ခန့်မှန်းထားကြပေမဲ့ အံအားသင့်စရာကောင်းအောင် Parasite ဇာတ်ကားက ကျော်ပြီးဆွတ်ခူးသွားခဲ့တာပါ။
Photo: Oscar.go.com
နောက်ထပ် အံ့အားသင့်စရာကတော့ ဒါရိုက်တာဆုဖြစ်ပြီး ဒီတစ်ခါမှာလဲ Parasite ဇာတ်ကားရဲ့ ဖန်တီးရှင် Bong Joon-Ho က ဒီနှစ်ရဲ့ ဆန်ကာတင် စာရင်းဝင် ထိပ်ထိပ်ကြဲ ဒါရိုက်တာတွေကို ကျော်ပြီး ထပ်မံဆွတ်ခူးခဲ့တာပါ။ Parasite ဇာတ်ကားဟာ ဆန်ကာတင်စာရင်းမှာ ဆု(၆)ဆုသာ ဝင်ပေမဲ့ ဆု(၄)ဆု ရအောင် ယူပေးနိုင်ခဲ့ပြီး အာရှသားတွေရဲ့ ဂုဏ်ကိုဆောင်ခဲ့ပါတယ်။
ဆန်ကာတင်(၁၁)ဆုနဲ့ အများဆုံး စာရင်းဝင်တဲ့ Joker ဇာတ်ကားကတော့ ဆု(၂)ဆုသာ ဆွတ်ခူးနိုင်ပေမဲ့ အားလုံးခန့်မှန်းတဲ့အတိုင်း မင်းသားကြီး Joaquin Phoenix အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆု ရသွားခဲ့လို့ ဝေဖန်သူူတွေရော၊ ပရိတ်သတ် တွေရဲ့ ဆန္ဒနဲ့ပါ ထပ်တူကျခဲ့ပါတယ်။ Joker မင်းသားကြီးကတော့ ဒီနှစ်က သူ့နှစ်လို့ပြောရမလောက်အောင် ဒီနှစ်ရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆုတွေအကုန်လုံး သိမ်းကြုံးပြီးယူသွားခဲ့တာပါ။
Photo: Oscar.go.com
သူနဲ့အတူတူ အောင်ပွဲခံခဲ့တာကတော့ မင်းသားကြီး Brad Pitt ဖြစ်ပြီး သူလဲ Joaquin Phoenix လိုပဲ အမျိုးသားဇာတ်ပို့ဆုကို BTFA Awards, Screen Actors Guild Awards, Golden Globe Awards နဲ့ ခုနောက်ဆုံး Academy Awards ဆုပေးပွဲမှာပါ သိမ်းသွားတာပါ။ သူပါဝင်ထားတဲ့ Once Upon a Time in Hollywood ဇာတ်ကားကတော့ ဆန်ကာတင် (၁၀)ဆုဝင်ပေမဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု (Best Supporting Actor Award) နဲ့ အကာင်းဆုံး ဇာတ်ကားဆက်တင် အပြင်အဆင်ဆု (Best Production Design Award) (၂)ခုသာ ဆွတ်ခူးခဲ့ပါတယ်။
Photo: Oscar.go.com