photo: rawstory
အမေရိကန် ပြည်ထောင်စု ရီပတ်ဘလီကန် အမတ်များဖြစ်ကြသည့် ရစ်ချက်ဘား နှင့် ကယ်လီလော်ဖလာတို့သည် ပြီးခဲ့သည့်လအတွင်း ပိုင်ဆိုင်သည့် စတော့ခ် သန်းပေါင်းများစွာ ရောင်းချမှုနှင့်ပက်သက်၍ နှုတ်ထွက်ရန် ကနဦး တောင်းဆိုခံနေရပြီဖြစ်သည်။ အခြား ဒီမိုကရက်ပါတီဘက်မှ ဒီရန် ဖင်းစတိန်းနှင့် ရီပါဘီလကန် အမတ် ဂျိန်းစ်အင်ဟုဖ်တို့သည်လည်း ထိုအချိန်အတောအတွင်း ပိုင်ဆိုင်မှုများကို ရောင်းချခဲ့ကြောင်းသိရသည်။
အဆိုပါ အမတ် ၄ ဦးသည် ကိုရိုးနားဗိုင်းရပ်စ်နှင့် ပတ်သက်သော အများပြည်သူသို့ ထုတ်ပြန်ရမည့် သတင်းများကို မထုတ်ပြန်ခင်၊ မိမိတို့ပိုင် ရှယ်ယာများကို ရောင်းထုတ်ခဲ့ခြင်းဖြစ်သည်။ ကိုရိုးနားဗိုင်းရပ်စ် သတင်းထုတ်ပြန်လျှင် ယခုကဲ့သို့ စတော့ခ်ရှယ်ယာဈေးများ ထိုးကျခြင်းဖြစ်မည်ဖြစ်ရာ ကြိုတင်သတင်းရယူမှု၊ မိမိကိုယ်ကျိုးအတွက် Insider Trading များ ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြသည်။
စတော့ အိတ်ချိန်းဈေး ဝယ်ရောင်းကိစ္စများတွင် လွှတ်တော်အမတ်များဖြစ်သည်ဖြစ်စေ၊ သာမန်ပြည်သူဖြစ်စေ ထိုကဲ့သို့ အတွင်းသတင်း ရယူ၍ ဝယ်ရောင်းဖေါက်ကားမှုများသည် တရားမဝင်လုပ်ငန်းများသာဖြစ်သည်။ လက်ရှိတွင် ထို အမတ် ၄ ယောက်လုံးက အဆိုပါ ကိစ္စရပ်များကို ငြင်းဆိုထားကြသည်။
မြောက် ကယ်ရိုးလိုင်းနား ပြည်နယ်၏ ရစ်ချက်ဘား သည် ယခင်လက ဒေါ်လာ ၁.၇ သန်းဖိုးထိ ရောင်းထုတ်နိုင်ခဲ့ပြီး၊ မစ္စလော်ဖလာသည် လွှတ်တော်တာဝန်ရှိနေချိန်၌ပင် ဒေါ်လာ ၃ သန်းဖိုး ရောင်းထုတ်နိုင်ခဲ့သည်။
အဆိုပါ ကိစ္စရပ်များ နောက်ဆက်တွဲအဖြစ် ရာထူးစွန့်လွှတ်ရေး၊ တရားရင်ဆိုင်ရခြင်း၊ ထောင်နန်းစံရမည့် အခြေအနေများ ဖြစ်ပေါ်လာဖွယ်ရှိရာ စောင့်ကြည့်ရမည့် အတွင်းသတင်းရယူ ရောင်းစားခြင်း ကိစ္စဖြစ်လာသည်။
ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Orio Economics
source: us, senates, senators, investopedia, bbc,