ခရီးသွားတယ်ဆိုတာ ပိုက်ဆံဖြုန်းနည်းတမျိုးပဲလို့ထင်ကောင်းထင်မိကြလိမ့်မယ်။ အဲဒါထက် ပိုတယ်လို့လဲ တွေးချင်တွေးမိကြလိမ့်မယ်။ တကယ်တော့ ခရီးသွားခြင်းဟာ အခြားအကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အထူးသဖြင့် သင့်ကိုယ်သင် အလုပ်ထဲမှာ လုံးဝ နှစ်မြုပ်ထားမိတဲ့ အခါတွေမှာပေါ့။ ခရီးသွားတာဟာ သင့်ကျန်းမာရေးရော စီးပွားရေးကိုပါ ဘယ်လိုအကျိုးပြုစေသလဲဆိုတဲ့ အချက် (၆) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကျန်းမာတယ်။
အလုပ်က Stress တွေက သင့်နှလုံးကိုပါ ထိခိုက်စေတယ်။ အနားယူဖို့ပဲဖြစ်ဖြစ် Business travel ပဲဖြစ်ဖြစ် ခရီးတခုသွားတာဟာ Stress သက်သာစေတယ်။ ဘာကြောင့်လဲဆိုတော့ သင့် ရုံးခန်းမဟုတ်တဲ့ ပတ်ဝန်းကျင်အသစ်တနေရာကို ရောက်ရှိသွားတာဟာ သင့်စိတ်နှင့် ကျန်းမာရေးကို အများကြီး အထောက်အကူပြုစေလို့ပါပဲ။
၂။ ခရီးသွားတာ ဉာဏ်ရွှင်စေတယ်။
စိတ်ကူးစိတ်သန်း ကောင်းဖို့ထက်မြက်ဖို့ဆိုတာ ကျယ်ပြန့်တဲ့ လှုံဆော်မှုမျိုး လိုအပ်တာကြောင့် တခါတရံ သင့်ရုံးခန်းထဲမှာဆို စိတ်ကူးကောင်း တခုရဖို့မလွယ်ကူပါဘူး။
အမြဲထိတွေ့နေကြ ပတ်ဝန်းကျင်ကို စွန့်ခွါပြီး နေရာဝန်းကျင်အသစ်က သင့်စိတ်ကို အထူးလှုံဆော်ပေးမှုတွေ ပြုလုပ်ပေးတတ်တာကြောင့် အရင်က မတွေးဖူးတဲ့ အတွေးတွေ ဝင်ရောက်လာတတ်တာကို ခံစားမိဖူးမှာပါ။ အကယ်၍ meeting တခုကို သွားတက်ရတယ်ဆိုတောင် သင့်စိတ်ကူးတွေက နိုင်ငံတကာ ရှုထောင့်ကနေ အသစ်မျိုးကနေ ကြည့်နေမိမှာ အမှန်ပါပဲ။ သင့်လုပ်ငန်းနဲ့ပတ်သက်တဲ့ idea ကောင်းကောင်းတစ်ခု စဉ်စားဖို့လိုအပ်နေပြီဆိုလျှင်တော့ ခရီးတစ်ခုထွက်ကြည့်လိုက်ပါ။
၃။ ခရီးသွားခြင်းက communication skills အသစ်တွေကို သင်ပေးပါလိမ့်မယ်။
သင် ဘာတွေပြောလဲဆိုတာ အဓိက မဟုတ်ပါဘူး၊ ဘယ်လိုပြောလိုက်သလဲက အဓိကဖြစ်ပါတယ်။ ကျွန်မတို့ပြောပုံဆိုပေါက်တွေ၊ အသံ tone၊ body language၊ မျက်နှာအမူအရာ၊ သုံးစွဲလိုက်တဲ့ စကားလုံးအနေအထား ဒါတွေအားလုံးက တဖက်နားထောင်သူအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိကြောင်း နားလည်သဘောပေါက်ပြီးသား ဖြစ်ပါတယ်။ သင့်ရဲ့communication skills ဘယ်လောက် ကောင်းတယ်ဆိုတာ နိုင်ငံရပ်ခြားကို ရောက်ရှိတဲ့အခါ ပိုမိုပေါ်လွင်စေတယ်။ မတူညီတဲ့ ယဉ်ကျေးမှုနယ်ပယ်အတွင်း သင် ဘယ်လို body language ကိုသုံးစွဲရမလဲဆိုတာကို ပိုမိုသဘောပေါက်စေတယ်။ အဲလို အခြေအနေမျိုးမှာဆို အခြားသူတွေနဲ့ဘယ်လိုလိုက်လျောညီထွေ နေသင့်သလဲဆိုတဲ့ creativity skills လဲတိုးတက်စေတယ်။ အထူးသဖြင့် သင်က Entrepreneur တယောက်ဖြစ်ပြီး ဒီလိုထိရောက်တဲ့ communication skills တွေက သင့် culture နဲ့မတူတဲ့ နိုင်ငံခြားသား Investors တွေ၊ clients တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အလုပ်လုပ်ရတာ ပိုအဆင်ပြေအောင် ကူညီပေးပါလိမ့်မယ်။
၄။ အခြားသူတွေနဲ့ခရီးအတူထွက်ခြင်းဟာ တယောက်နဲ့တယောက် မတူညီတဲ့ experience တွေကို အပြန်အလှန် အသိအမှတ်ပြုပေးတတ်ကြတယ်။
တခါတရံ ကျွန်မတို့ဟာ တယောက်တည်း အလုပ်လုပ်ရတာ၊ ခရီးသွားရတတ်ကို ပိုကြိုက်လေ့ရှိပါတယ်။ အဖွဲ့နဲ့ခရီးသွားတာကလဲ တယောက်တည်းသွားတာနဲ့မတူညီတဲ့ experience တွေကိုပေးပါတယ်။ တယောက်နဲ့တယောက် ပိုမိုရင်းနှီးစေမဲ့ အခွင့်အရေးကောင်းလဲ ဖြစ်တယ်။ တခါတရံ အဖွဲနဲ့သွားရတဲ့အခါ ကိုယ်လုပ်ချင်တဲ့အရာတွေကို စွန့်လွှတ်လိုက်ရတာမျိုး ရှိကောင်းရှိမယ်။ ဒါပေမဲ့ အကောင်းဖက်က တွေးမယ်ဆိုရင် အနစ်နာခံခြင်း နဲ့ပေးဆပ်ခြင်းရဲ့ကောင်းကျိုးကို တချိန်ကျရင် သင်သတိပြုမိပါလိမ့်မယ်။
၅။ ပိုမိုအဓိပ္ပါယ်ရှိတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်တယ်။
မိတ်ဆွေအသစ်တွေ နဲ့Business Partners အသစ်တွေကို နေရာဒေသ အသစ်တခုက ရရှိခဲ့တာဟာ ပုံမှန်မိတ်ဆွေသစ်တွေထက် အများကြီးပိုပါတယ်။ နောက်တခေါက် အဲဒီနေရာကို ပြန်ရောက်ရင်တောင် သင် Hotel Booking တင်စရာမလိုတော့ဘူးပေါ့။ နောက်ပြီး ဒီနည်းလမ်းနဲ့ နောက်ထပ် အလားအလာရှိတဲ့ Business Partner တွေနဲ့ဆုံဖို့အခွင့်အရေးတွေ လိုက်ရှာလို့ရပါသေးတယ်။ နောက်ပြီး သင့်မိတ်ဆွေသစ်တွေက သူတို့ရဲ့ကြမ်းကြေပြီးသား knowledge တွေနဲ့ သင့်ကို ကူညီပေးနိုင်တာကြောင့် သင်ဒေသ အသစ်ကိုရောက်နေရင်တောင် ကွျှမ်းကျင်မှုမရှိမှာကို စိတ်ပူစရာမလိုတော့ပါဘူး။
၆။ စဉ်းစားဖို့တွေးဖို့အချိန်တွေ ပိုရတယ်။
Entrepreneur သမားတယောက်အတွက် ဆုံးဖြတ်ချက်တွေဟာ တခါတရံ အချိန်အများကြီးမရပဲ ချက်ချင်း ချပစ်လိုက်ရတဲ့အခါတွေ အများကြီးရှိပါတယ်။ သင် ထိုင်ခုံမှာ စိတ်အေးလက်အေးထိုင်ပြီး သေသေချာချာ တွေးခဲ့ဖူးတဲ့ နောက်ဆုံးအချိန်က ဘယ်အချိန်လဲ ?
ခရီးသွားခြင်းဟာ အတိတ်က အကြောင်းအရာတွေကို ပြန်လည်ဆင်ခြင်စေဖို့အချိန်တခုကို ပေးပါတယ်။ ဒါကြောင့် သင့်စိတ်ကို ငြိမ်စေဖို့တောင်ကုန်းထိပ်လေးတခုမှာ ငြိမ်ငြိမ်ကလေးထိုင်တာ ဒါမှမဟုတ် ရေကန်ဘေးတခုမှာ ငါးထိုင်မျှားတာမျိုးလုပ်ကြည့်သင့်တယ်။ ဒါတွေဟာ သင့်စိတ်ကို တည်ငြိမ်စေပြီး သင်အလောတကြီး ပြုလုပ်မိခဲ့တဲ့အရာတွေကိုဆင်ခြင်မိစေပြီး သင့်ဘဝ ရော သင့် အလုပ်ကိုပါ အထောက်အကူဖြစ်စေမဲ့ အတွေးမျိုးတွေကို ဖန်တီးပေးပါတယ်။ ခရီးသွားတာဟာ သင်ကုန်ကျလိုက်တဲ့ငွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံသစ်တွေ စိတ်ကူးကောင်းတွေကို ဖန်တီးပေးတာကြောင့် ခရီးသွားခြင်းရဲ့အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။