ဘီလီယံနာသူဌေးကြီး Richard Branson ပိုင်ဆိုင်သော Virgin Orbit Holdings ဂြိုလ်တုကုမ္ပဏီသည် ပြီးခဲ့သည့် ဇန်နဝါရီလက ဒုံးပျံလွှတ်တင်မှု မအောင်မြင်ပဲ ရှုံးနိမ့်ခဲ့ပြီးနောက် လုပ်ငန်းအတွက် ရေရှည် ငွေကြေးထောက်ပံ့ရန်မလွယ်ကူတော့သည့်အတွက် ဒေဝါလီခံရန် ပြီးခဲ့သည့် အင်္ဂါနေ့က လျှောက်ထားခဲ့သည်။
ကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီကြီးသည် အမေရိကန်တရားရုံး၌ ဒေဝါလီခံရန် လျှောက်ထားခဲ့ပြီး ကုမ္ပဏီအား ဝယ်ယူမည့်သူရှာဖွေနေကြောင်း၊ ဝန်ထမ်း ၇၅၀ ၏ ၈၅%အထိလျှော့ချသွားမည်ဟု ကြေညာခဲ့သည်။
Virgin Orbit သည် ၂၀၂၁ ခုနှစ်တွင် ဒေါ်လာ ၃.၇ ဘီလီယံတန်ဖိုးဖြင့် အများပိုင်ကုမ္ပဏီအဖြစ်ပြောင်းလဲခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Financial Times, Reuters
Photo: Getty Images