အီတလီနိုင်ငံ ဗင်းနစ်မြို့ အသည်းနှလုံး တူးမြောင်းများမှာ ဒီရေဆိုးဆိုးရွားရွားကျဆင်းနေသဖြင့် ဗင်းနစ်၏ အထင်ကရ နံမည်ကျော် ရေကြောင်းတက္ကစီနှင့် လှေငယ်များမှာ သောင်တင်လျက်ရှိပြီး မြို့တော်၏ အရေးပေါ်ဝန်ဆောင်မှုများကိုပင် အနှောက်အယှက်ဖြစ်ပေါ်စေလျက်ရှိသည်။
ဒေသတွင်း မိုးခေါင်ခြင်း၏ အကျိုးရလဒ်က မြို့တော်အတွင်း တူးမြောင်းရေ စီးဆင်းမှုကို ယခုလောက် ဆိုးရွားစွာ အဟန့်အတားဖြစ်နေသည်ကိုပင် မိုးလေဝသဆိုင်ရာပညာရှင်များက မယုံကြည်နိုင်ကြပေ။ မိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် ဒီရေအခြေအနေကို ပိုမိုဆိုးရွားစေခြင်းဖြစ်သည်ဟု အာဏာပိုင်များကဆိုသည်။
Reference: NBC, Bloomberg
Photo: Business Insider