ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရီးသွားဒေသတစ်ခုဖြစ်သော စူရတ်ဌာနီသို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှုမှာယခုနှစ်တွင် ၁သန်းခွဲပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ယမန်နှစ်ကာလတူ ဝင်ရောက်မှုနှင့် နှိုင်းယှဥ်ပါက ၁၅၅ရာခိုင်နှုန်းအထိ ခရီးသွားဦးရေမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခုနှစ်ဇန်နဝါရီမှ စတင်၍ လက်ရှိအချိန်အထိ စူရတ်ဌာနီသို့ ခရီးသွားဦးရေ ၂.၀၅သန်း ဝင်ရောက်ခဲ့ပြီး ၎င်းတို့တွင်မှ တသန်းခွဲမှာ နိုင်ငံတကာခရီးသွားများဖြစ်ကြောင်း စူရတ်ဌာနီ ပြည်နယ်အုပ်ချုပ်ရေးမှူး ဝီချာဝတ်ဂျင်တိုက ပြောကြားခဲ့သည်။
ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ဟိုတယ်၊ အစားအသောက်၊ အမှတ်တရပစ္စည်း၊ ဖျော်ဖြေရေးနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် ငွေသုံးစွခဲ့ကြပြီး လက်ရှိအချိန်တွင် ဝင်ငွေစုစုပေါင်း ဘတ်၃၅.၉ဘီလီယံရရှိထားသည်ဟု အုပ်ချုပ်ရေးမှူး ကဆိုသည်။
ဟိုတယ်ငှါးရမ်းမှု ရာခိုင်နှုန်းမှာလည်း ယမန်နှစ်နှင့်ယှဥ်ပါက ၇၇ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ပျမ်းမျှအားဖြင့် ခရီးသာ်တစ်ဦးလျှင် ၄.၈ညခန့် တည်းခိုကြောင်း အချက်အလက်များက ဖော်ပြနေသည်။
စူရတ်ဌာနီအနေဖြင့် သဘာဝအတိုင်းကျန်နေသေးသည့် ပင်လယ်ကမ်းခြေ အလှအပများကြောင့်နိုင်ငံတကာ ခရီးသွားများအကြား ကျော်ကြားသည့် အပန်းဖြေနေရာတစ်ခုအဖြစ်ရပ်တည်လျက်ရှိပြီး ကုန်ကျစရိတ်မှာလည်း ကျန်နေရာများနှင့် ယှဥ်ပါက သင့်တော်သည့် စျေးနှုန်းရှိခြင်းကြောင့်.ဖြစ်ကြောင်းမစ္စတာဝီချာဝတ်က ဂုဏ်ယူစွာဖြင့် ပြောကြားခဲ့သည်။
စူရတ်ဌာနီတွင်.နာမည်ကျော် ကော့စမွီကျွန်းကဲ့သို့သာယာလှပသည့် အဓိကရနေရာများအပြင် ကော့ဖငမ်း( Koh Phangan) ရှိ လပြည့်ညပါတီတို့မှာ နာမည်ကျော်ကြားပြီး နိုင်ငံတကာခရီးသွားများကို အစွဲဆောင်နိုင်ဆုံးဖြစ်သည်။
အဆိုပါ လပြည့်ညပါတီမှာ ကော့ဖငမ်းတွင် လတိုင်းနီးပါးရှိ၍ ကမ်းခြေရှိ လဟာပြင်ကွင်းကြီးထဲတွင် နာမည်ကျော်ဒီဂျေများဖြင့် ကျင်းပခြင်းဖြစ်ကာ စူရတ်ဌာနီသို့ဝင်ရောက်သည့် ခရီးသွားအများစု၏ အဓိကနေရာဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ဖြေကြားခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bangkok Post
Photo: xyzAsia