ထိုင်းလေကြောင်းလိုင်း Thai Airways International သည် လုပ်ငန်းပြန်လည်ဖွဲ့စည်းရန် ဒေဝါလီခံသည့်အဆိုကို တရားရုံးမှ ကြားနာပြီးနောက် အာရှတွင် လေယာဉ်ပြန်လည်ပြေးဆွဲပေးမည့်ရက်အား သြဂုတ်လအစောပိုင်းထိ ရွှေ့ဆိုင်းထားသည်။
နိုင်ငံတကာလေကြောင်းလိုင်းများ ထွက်ခွါ/ဆိုက်ရောက် ပိတ်ထားခြင်းများ ဂျူလိုင်လ ၁ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်သောကြောင့် လေကြောင်းလိုင်းကြီးသည် ဂျူလိုင်လမှစတင်၍ အာရှတွင်လေယာဉ်ပြန်ပြေးဆွဲမည်ဟု ဆိုထားခဲ့သည်။
သို့သော်လေကြောင်းလိုင်းအား ငွေကြေးအရ restructuring ပြန်လုပ်မည့် ဒေဝါလီအဆိုသည် တရားရုံးသို့ရှိနေပြီး လေကြောင်လိုင်း ဝန်ဆောင်မှုပြန်ပေးရန် ကြန့်ကြာနေသည်။ ထို့ပြင် Covid-19 စစ်ဆေးမှုများနှင့် ထိုင်းနိုင်ငံတွင်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည်များအား ဝင်ခွင့်မပြုသေးခြင်းတို့ကလည်း လေကြောင်းလိုင်းများအား သြဂုတ်လမှသာ စတင်ပြေးဆွဲရန် တွန်းအားပေးလျက်ရှိသည်။
ယခုအခါထိုင်းနိုင်ငံသို့ဝင်ရန် work permits ရှိသော နိုင်ငံခြားသားများကိုသာ ဝင်ခွင့်ပြုထားပြီး နိုင်ငံတွင်းသို့ရောက်ရှိသည်နှင့် Quarantine ၁၄ ရက်ဝင်ရမည်ဖြစ်သည်။ လတ်တလောတွင် နိုင်ငံရပ်ခြားတွင်အလုပ်လုပ်နေပြီးထိုင်းသို့ပြန်လာလိုသည့် ဝန်ထမ်းများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ကြီးကြပ်မှုဖြင့် အထူးTGလေယာဉ်များ ပြန်ဆွဲပေးနေသည်။
ပြောင်းလဲထားသော အချိန်ဇယားအသေးစိတ်ကို လေကြောင်းလိုင်းဌာန၏အချိန်စာရင်း information services center တွင် ကြေညာထားသော်လည်း လေကြောင်းလိုင်းမှ အချက်အလက်များထပ်မံဖြည့်စွက်မှုများ ပြုလုပ်နေသောသောကြောင့် အချိန်နှင့် အမျှပြောင်းလဲနိုင်သည်။
လတ်တလောကြေညာထားသော နိုင်ငံတကာသို့ပြန်လည်ပြေးဆွဲမည့်ရက်များမှာ
• Bangkok-Auckland: Three weekly from 03-Aug-2020
• Bangkok-Beijing Capital: Twice weekly from 02-Aug-2020
• Bangkok-Brisbane: Three weekly from 02-Aug-2020
• Bangkok-Delhi: Daily from 01-Aug-2020
• Bangkok-Denpasar: Three weekly from 01-Aug-2020
• Bangkok-Dhaka: Five weekly from 01-Aug-2020
• Bangkok-Guangzhou: Twice weekly from 01-Aug-2020
• Bangkok-Hanoi: Daily from 01-Aug-2020
• Bangkok-Ho Chi Minh City: Daily from 01-Aug-2020
• Bangkok-Hong Kong: Daily from 01-Aug-2020
• Bangkok-Islamabad: Four weekly from 01-Aug-2020
• Bangkok-Jakarta: Three weekly from 03-Aug-2020
• Bangkok-Karachi: Four weekly from 01-Aug-2020
• Bangkok-Kuala Lumpur: Five weekly from 02-Aug-2020
• Bangkok-Lahore: Four weekly from 01-Aug-2020
• Bangkok-Manila: Four weekly from 02-Aug-2020
• Bangkok-Melbourne: Five weekly from 01-Aug-2020
• Bangkok-Nagoya: Three weekly from 01-Aug-2020
• Bangkok-Osaka Kansai: Three weekly from 01-Aug-2020
• Bangkok-Perth: Three weekly from 02-Aug-2020
• Bangkok-Phnom Penh: Daily from 01-Aug-2020
• Bangkok-Seoul Incheon: Six weekly from 01-Aug-2020
• Bangkok-Shanghai Pudong: Twice weekly from 02-Aug-2020
• Bangkok-Singapore: Four weekly from 02-Aug-2020
• Bangkok-Sydney: Five weekly from 01-Aug-2020
• Bangkok-Taipei Taoyuan: Daily from 01-Aug-2020
• Bangkok-Tokyo Haneda: Four weekly from 01-Aug-2020
• Bangkok-Tokyo Narita: Four weekly from 01-Aug-2020
• Bangkok-Vientiane: Daily from 01-Aug-2020
• Bangkok-Yangon: Daily from 01-Aug-2020
Source: TTRW
Information Source: Airlineroute
Photo