0

စပိန်အစိုးရသည် လာမဲ့ဇူလိုင်လတွင် နိုင်ငံတကာ ခရီးသွားများ ပြန်လည်ဝင်ခွင့်ပြုတော့မည်

Share

     ဒီသတင်းကိုတော့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်က စနေ့နေ့မှာကြေငြာသွားခဲ့တာပါ။ ဒါဟာ စပိန်ခရီးသွားကဏ္ဍအတွက် မင်္ဂလာသတင်းကောင်းဖြစ်သလို နိုင်ငံရဲ့စီးပွားရေးအတွက်လည်း အသက်ရှုချောင်စရာ အခြေအနေဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ စပိန်နိုင်ငံရဲ့ GDP ၁၂ ရာခိုင်နှုန်းဟာ ခရီးသွားကဏ္ဍကနေရရှိနေတာ ဖြစ်လို့ပါ။ ဝန်ကြီးချုပ်ရဲ့ ကြေငြာချက်ထဲမှာဆိုရင် ကျွန်တော် ဒီနေရာကနေ နိုင်ငံအသီးသီးက ခရီးသွားတွေကို ကြိုဆိုလိုက်ရပါတယ်။ ဘာလို့လဲဆိုရင် လာမဲ့ဂျုလိုင်လဆို နိုင်ငံရဲ့ အဝင်အထွက်လမ်းကြောင်းတွေ စတင်ဖွင့်ပေးမှာဖြစ်ပြီး စပိန်နိုင်ငံသားတွေကော၊ နိုင်ငံတကာက ခရီးသွားတွေပါ နိုင်ငံတွင်းမှာ လွတ်လွတ်လပ်လပ် လည်ပတ်နိုင်တော့မှာ ဖြစ်တဲ့အတွက် အခုကတည်းက အစီအစဉ်တွေ ဆွဲထားကြပါလို့ ပြောလိုက်ပါရစေ။ နောက်ပြီး နိုင်ငံအတွင်းက စားသောက်ဆိုင်တွေ၊ ဘားတွေ၊ လည်ပတ်စရာနေရာက တာဝန်ရှိသူတွေဟာလည်း လာမဲ့ ဂျုလိုင်လအတွက် ကြိူတင်ပြီး ပြင်ဆင်ထားကြပါ လို့ပြောကြားသွားပါတယ်။
     ဒါ့အပြင် စပိန်နိုင်ငံရဲ့ နာမည်ကျော် လာလီဂါဘောလုံးပြိုင်ပွဲဟာဆိုရင် ဇွန်လ(၈) ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး စစချင်းမှာတော့ ကွင်းပိတ်ကစားရမှဖြစ်ပါတယ်။ တကယ်လို့များ ဇူလိုင်လမှာ အခြေအနေအရပ်ရပ်က အဆင်ပြေနေပြီဆိုရင် ပရိတ်သတ်တွေကို ကွင်းထဲပြန်အားပေးခွင့်ပြုဖို့ စပိန်အစိုးရက စဉ်းစားနေပါတယ်။ ဒါတွေနဲ့ တချိန်တည်းမှာပဲ အတိုက်အခံပါတီ Vox ကိုထောက်ခံတဲ့ သူတွေကတော့ မက်ဒရစ်မြို့ထဲမှာ ဝန်ကြီးချုပ် ဆန်းချက်ကို ဆန္ဒပြနေကြပါတယ်။ ထောင်ချီတဲ့ လူအုပ်ကြီးဟာ ဆိုင်ကယ်တွေ၊ ကားတွေပေါ်ကနေ “Sanchez go home” လို့ အော်ဟစ်ကာ ကားဟွန်းတွေကို တီးပြီး ဆန္ဒပြခဲ့ကြတာပါ။ အကြောင်းကတော့ စပိန်ပါလီမန်ကနေ ဝန်ကြီးချုပ်ကို ပြည်နယ်အရေးပေါ်အခြေအနေ ကြေငြာခွင့် ၁၄ရက်ထပ်တိုးပေးလိုက်တာကြောင့်ပါ။ ဆန္ဒပြတဲ့သူတွေကတော့ ဆန်းချက်အစိုးရအနေနဲ့ ခုချိန်မှာ စီးပွားရေး မြန်မြန်နာလန်ပြန်ထူဖို့ကို စဉ်းစားသင့်ပြီး မလိုအပ်တဲ့ ကန့်သတ်ချက်တွေကို ရပ်တန့်သင့်တဲ့ အချိန်ရောက်နေပြီလို့ ဆန္ဒပြတဲ့သူတစ်ဦးက သတင်းဌာနကို ဖြေကြာသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Euro News
Photo: Road Affair

%d bloggers like this: