Secondary Share ရောင်းချရန်သဘောတူညီပြီးနောက် SpaceX တန်ဖိုး ထပ်တက်

Share

သူဌေး အီလွန်မက်၏ အာကာသခရီးသွားစီမံကိန်းများကို အကောင်အထည်ဖေါ်နေသည့် SpaceX သည် ရှယ်ယာများကို အများပြည်သူများ ဝယ်ယူနိုင်သည့် public stock market, NYSE, Nasdaq စသည်တို့တွင် တင်ထားခြင်း မရှိသေးသော်လည်း ရှယ်ယာပမာဏ အမြောက်အများကို ဝယ်ယူထားသည့် ရင်းနှီးမြှုပ်နှံသူ အကြီးစားများ ၊ private investment firms များ ၊ primary share holders ရှယ်ယာရှင်များက တဆင့် ထပ်မံရောင်းချခွင့် secondary share sale ထပ်မံ ပြုလုပ်ရန် ကုမ္ပဏီနှင့် သဘောတူညီမှု ရရှိခဲ့သည်။

ကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံသူများသည် SpaceX ရှယ်ယာ ၁ စုလျှင် ကန် ၈၁ ဒေါ်လာ ဖြင့် ရောင်းချနိုင်ကြောင်း အတွင်းသတင်း stock insiders များမှ သိရှိရသည်ဟု စီးပွားရေးမီဒီယာကြီး ၁ ခု ဖြစ်သည် စီအန်ဘီစီက ရေးသားခဲ့သည်။
ထိုပမာဏဖြင့် တွက်ချက်လျှင် SpaceX ၏ တန်ဖိုးမှာ ဒေါ်လာ ၁၅၀ ဘီလျံ နီးပါး ရှိလာပြီ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများမှ တန်ဖိုး ၁ ဘီလျံ ရှိလာလျှင် ခေါ်ဆိုသည့် Unicorn လုပ်ငန်း အဖြစ်မှ အဆ ၁၀၀ ကျော် တန်ဖိုး တက်လာသည့် Centicorn သို့မဟုတ် Hectocorn အဖြစ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

SpaceX သည် အများပြည်သူ ရှယ်ယာများဝယ်ယူနိုင်သည့် public listed အဖြစ်သို့ မကူးသေးဘဲ ကုမ္ပဏီ၏ တန်ဖိုး ၄၄% ကို အီလွန် ကသာ ထိန်းချုပ်ထားဆဲဖြစ်ပြီး ကျန်ရှယ်ယာများကို ရင်းနှီးမြှုပ်နှံသူ အချင်းချင်းသာ လက်သိပ်ထိုးဝယ်ယူနိုင်လျက်ရှိသေးသည်။

လက်ရှိတွင် အီလွန်မက်စ်၏ SpaceX သည် အာကာသ ခရီးသွားလာခြင်းများ ပြုလုပ်ရန် Falcon 9, Falcon Heavy ၊ Starship စသည့် ဒုံးပျံယာဉ်များ၊ အင်္ဂါဂြိုလ်ကို အခြေချရန် စီစဉ်မှုများ၊ Starlink mega-constellation ဂြိုလ်တု ဆက်သွယ်ရေး၊ အင်တာနက်ကိရိယာများ၊ ဒုံးပျံအင်ဂျင်များကို ထုတ်လုပ်လျက်ရှိပြီး အမေရိကန်ပြည်ထောင်စုလေကြာင်းကြီးကြပ်ရေး FAA ၏ ခွင့်ပြုချက်ရပါက ဒုံးပျံယာဉ် သုတေသနအတွက် ဒေါ်လာ ၂ ဘီလျံ ခန့် တိုးချဲ့အသုံးပြုရန်လည်း ရည်ရွယ်နေသည်ဟု သိရသည်။

သို့သော်လည်း FAA သည် အီလွန်မက်စ် စီမံကိန်းများကို ကြီးကြပ်ရေးနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်နှင့်ဆိုင်သော တရားစွဲဆိုမှုများကိုလည်း ရင်ဆိုင်နေရသည်။

၂၀၀၂ ခု နှစ်က အီလွန် စတင်တည်ထောင်ခဲ့သော SpaceX ၏ နာမည် အရှည်မှာ Space Exploration Technologies Corporation ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, Barrons, Fool, SpaceX, DLA Piper Accelerate, Investopedia
Image: Barron’s

%d bloggers like this: