ကိုဗစ်ဟာ တချို့နိုင်ငံတွေမှာ ကျရိပ်ပြနေပြီ ဖြစ်လို့ အင်ဒိုနီးရှားမှာဆို သူ့နိုင်ငံသားတွေဟာ မကြာခင် ဘာလီက ကမ်းခြေတွေကို သွားလည်ပတ်နိုင်တော့မှာ ဖြစ်သလို ဂျပန်မှာဆိုရင်လည်း ပြည်သူတွေဟာ ဖူဂျီတောင်ပေါ်ကို ပြန်တက်ခွင့်ရနေပါပြီ။ ဒါပေမဲ့ နယူးယော့မြို့ထက်သေးတဲ့ ကျွန်းနိုင်ငံလေး စင်္ကာပူအတွက်တော့ ခရီးသွားလုပ်ငန်းဟာ ထိုးနှက်ချက်တွေနဲ့ အပြည့်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝင်ငွေဒေါ်လာ ၂၀ဘီလီယံလောက် ရှာပေးခဲ့တဲ့ နိုင်ငံခြားသားခရီးသွားတွေကို ပြည်ဝင်ခွင့်အခုထက်ထိပိတ်ပင်ထားတဲ့အတွက် ကိုယ့်နိုင်ငံသားတွေ ခရီးသွားလည်ပတ်တဲ့ ဝင်ငွေကိုသာ ဟော်တယ်တွေ၊ အပန်းဖြေလုပ်ငန်းတွေက မျှော်လင့်နေရတဲ့ အနေအထားဖြစ်နေတာပါ။
နိုင်ငံတကာဧည့်သည်တွေကို ခုထိဝင်ခွင့်မပေးသေးပေမဲ့ ဘွတ်ကင်တွေတော်တော်များများကို လက်ခံရရှိထားနေပါပြီးလို့ စင်္ကာပူရဲ့ အကြီးဆုံး ဟော်တယ်လုပ်ငန်စုကြီးဖြစ်တဲ့ Accor SA’ Asia Pacific Unit ရဲ့ CEO မိုက်ကယ် အီဆင်ဘာ့ဂ် ကပြောပါတယ်။ ဒါပေမဲ့ ခုလက်ရှိမှာတော့ စင်္ကာပူရဲ့ ဟော်တယ်ခရီး လုပ်ငန်းတွေဟာ အခက်အခဲဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ ဘာလို့လဲဆိုတော့ အစိုးရက ပြီးခဲ့တဲ့ အပတ်ကမှ ပြည်တွင်းဧည့်သည်တွေ စတင်လက်ခံမဲ့ ဟော်တယ်တွေ ခွင့်ပြုမိန့်တင်လို့ရပြီ ဆိုပြီးထုတ်ပြန်ခဲ့လို့ဖြစ်ပါတယ်။ စင်္ကပူနိုင်ငံကလူတွေကတော့ ဒီလိုမျိုး ကိုယ့်နှစ်လမ်းကျော်လောက်က ဟော်တယ်မှ အဓိပ္ပါယ်မရှိတည်းမဲ့ အစား ခရီးသွားလာခွင့်ပြန်ဖွင့်တဲ့အချိန် အနီးအနားက အိမ်နီးချင်းနိုင်ငံတွေကို သွားလည်ဖို့ကိုသာ ပိုအားသန်ကြတယ်လို့ သိရပါတယ်။
ကျောင်းဆရာတစ်ယောက်ဖြစ်တဲ့ နာဂျီယားယူဆွတ်ဖ် ကတော့ “ကိုယ်နဲ့ နီးနီးနားနားနိုင်ငံတွေမှာ အတွေ့အကြူံသစ်တွေကို ဈေးသက်သက်သာသာနဲ့ လေ့လာဖို့ အခွင့်အရေးတွေ အများကြီးရှိနေပါတယ်။ ဆိုရရင်တော့ဗျာ၊ ကျွန်တော်တို့ စင်္ကာပူမှာမရှိတဲ့ တောင်တန်းတွေ၊ သဘာဝဥယျဉ်တွေ၊ စိုက်ခင်း၊ ယာခင်းမျိုးတွေပေါ့။ အဲတော့ ပိုက်ဆံတွေကို ဒီမှာသုံးပစ်မဲ့အစား ပြည်ပခရီးသွားဖို့အတွက်ပဲ စုထားတော့မှာပါ” လို့ သူ့ရဲ့ ခရီးသွား ခံယူချက်ကို ဖြေကြားသွားပါတယ်။ စင်္ကာပူဟာ ပုံမှန်စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ခွင့်ပေးနေပေမဲ့ ပြည်ဝင်ခွင့်ကို တင်းတင်းကြပ်ကြပ်စီစစ်ထားတာကြောင့် ပြီးခဲ့တဲ့ ဧပြီတုန်းကဆို သမိုင်းဝင်အနေနဲ့ နိုင်ငံခြားသား ၇၅၀ပဲ အဝင်ပြခဲ့ပါတယ်။ ၂၀၁၉ ဧပြီမှာဆိုရင် လူဝင်ရောက်မှုက ၁.၆သန်းတောင်ရှိခဲ့တဲ့အတွက် ကွာခြားမှုကတော့ ကြောက်ခမန်းလိလိပါပဲ။
OCBC ဘဏ်ရဲ့ ဘဏ္ဍာရေးနဲ့နည်းဗျူဟာ ဌာနမှုး ဆယ်လီနာလင်းကတော့ “ခုလိုအချိန်မှာ ဟော်တယ်တွေ၊ စားသောက်ဆိုင်တွေအနေနဲ့က ရေတိုအနေနဲ့ ကိုယ်နိုင်ငံသားတွေဆီက ဝင်ငွေရအောင်ပြန်လုပ်သင့်တဲ့ အချိန်ပါ။ ဥပမာ- ဈေးလျော့ပေးတာတို့၊ မွေးနေ့၊ မင်္ဂလာဆောင်တို့အတွက် အထူးအစီအစဉ်တွေ လုပ်ပေးတာတို့၊ social distancing နဲ့ activity လေးတွေလုပ်ပေးတာတို့ လုပ်ရမှာပါ။ ဒါပေမဲ့ နိုင်ငံလေးက သေးသေးလေးဆိုတော့ ဒီလိုပုံစံမျိုးတွေနဲ့တော့ ကြာကြာတောင့်ခံနိုင်ဖို့ မလွယ်ပါဘူး။ အဓိကကတော့ နိုင်ငံတကာ ခရီးသွားတွေပြန်ဝင်လာမဲ့ အချိန်ပါပဲ” လို့ သူ့အမြင်ကိုပြောကြားသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Bangkok Post
Photo: Travel Daily Media/Shutter Stock