ဒစ်စနေး ကုမ္ပဏီက ရှန်ဟိုင်းရှိ ဒစ်စနေး ရုပ်စုံ အပန်းဖြေဥယျာဉ်ကို လာမည့် မေလ ၁၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဟု အင်္ဂါနေ့ အစည်းအဝေးတွင် ကြေငြာခဲ့သည်။
အဆိုပါ ဥယျာဉ်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်၍ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
Disney ကုမ္ပဏီသည် ပြီးခဲ့သည့် မတ်လက ရှန်ဟိုင်းရှိ အခြား ဒစ်စနေးပိုင် လုပ်ငန်းများဖြစ်သော Disneytown, Wishing Star Park နှင့် Disneyland Hotel ကို ပြန်လည် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
ယခု ပန်းခြံမှာမူ ကိုရိုနာကပ်ဘေးကာလတွင် ပထမဆုံးပြန်လည်ဖွင့်လှစ်မည့် Theme Park တစ်ခု ဖြစ်လာမည်ဖြစ်သည်။
CEO ဖြစ်သူ ဘော့ ချာပက်က ဝင်ရောက်မည့် ဧည့်သည်အရေအတွက်ကို ကန့်သတ်သွားမည်ဖြစ်ပြီး၊ ကြိုတင် လက်မှတ်ဝယ်ထားခြင်းများ၊ ဝင်ရောက်လည်ပတ်ရမည့် စနစ်သစ်နှင့် နည်းနာများ၊ လူတဦးနှင့် တဦးကြား ခွာနေရမည့် စည်းမျဉ်းများ၊ အစိုးရမှ တင်းတင်းကြပ်ကြပ်ချမှတ်ထားသည့် ကျန်းမာရေး နှင့် ကာကွယ်ရေး လုပ်ငန်းစဉ်များကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း ပြောကြားသည်။
မျက်နှာဖုံး/ကာများ ဝတ်ဆင်ခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်း၊ ဝင်ရောက်သည့် လူတိုင်းအတွက် ခြေရာခံလိုက်၍ရမည့် Contact Tracing စနစ်များ ပါဝင်သည်ဟု သိရသည်။
ပုံမှန်အားဖြင့် Disney ပန်းခြံကစားကွင်းသို့ တစ်ရက်လျှင် လူ ၈ သောင်းခန့်ဝင်ရောက်နိုင်သည်အထိ ဝန်ဆောင်မှုပေးနိုင်သော်လည်း အစိုးရက ပြင်ဆင်ပေးထားချက်အရ ၃၀% ဖြစ်သော လူဦးရေ ၂သောင်း ၄ထောင် သာ ဝင်ရောက်ခွင့်ပြုမည်ဟု သိရသည်။
ဘဏ္ဍာရေးအရာရှိချုပ်ဖြစ်သူ မက်ကာသီက ယခု ပန်းခြံကစားကွင်းကို ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း အခြား နေရာ၊ နိုင်ငံများရှိ Disney Parks, အပန်းဖြေစခန်းများ၊ အပျော်စီးသင်္ဘောများ၊ ဒစ်စနေး အမှတ်တရ စတိုးများကို မည့်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ဆိုသည်ကို မပြောနိုင်သေးကြောင်း ထုတ်ပြန်ခဲ့သည်။
ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Orio Economics
Source: CNBC News, Image: CGTN