0

ခရီးသွားကွန်ယက်ကိုပြန်လည် တည်ဆောက်သည့်အနေဖြင့် နေရာ ၄၀ သို့ ကာတာလေကြောင်းပြေးဆွဲမည်

Share

ကာတာလေကြောင်း (Qatar Airways) သည် ၎င်း၏ ခရီးသွားကွန်ယက်များကို ဖြည်းဖြည်းချင်းပြန်လည် တည်ဆောက်နေရာ ယခုအပတ်အတွင်းတွင် ဘန်ကောက်၊ ဘာစီလိုနာ၊ အစ္စလမ်မာဘတ်၊ ကရာချိ၊ လာဟိုး၊ ပတ်ရှ်ဝါး၊ စင်ကာပူ နှင့် ဗီယင်နာ ရှိ ခရီးစဉ်များကို ပြန်လည် ပြေးဆွဲသွားမည်ဖြစ်သည်။

ကာတာ လေကြောင်းသည် ကမ္ဘာ့အကောင်းဆုံး လေကြောင်းခရီးသွားဆုရ ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်းကို ကာတာအစိုးရမှ ပိုင်ဆိုင်ထားခြင်းဖြစ်သည်။

ယခုကဲ့သို့ လှုပ်ရှားမှုသည် ဒေသတွင်း ပြိုင်ဘက်များဖြစ်သော Etihad Airways နှင့် Emirates Airways တို့နှင့် အစီအစဉ်များ အလားတူပင်ဖြစ်ပြီး ကမ္ဘာအနှံ့ နေရာဒေသ ၄၀ သို့ ၁ ပတ်လျှင် ခရီးစဉ် ၁၇၀ ကျော် ပြေးဆွဲသွားမည်ဖြစ်သည်။

အဆိုပါလေကြောင်းအနေဖြင့် မကြာမီပြေးဆွဲတော့မည့် ခရီးစဉ်များဖြစ်သည့် ဘာလင်၊ ဒါ အ ဆာလင်၊ နယူးယောက်၊ တူးနစ်၊ ဗင်းနစ်မြို့များအပါအဝင် ဒဗ္ဗလင်၊ မီလန် နှင့် ရုမ်းခရီးစဉ်များကိုပါ ကြေငြာသွားခဲ့သည်။

ခရီးသည်များ စိတ်ချလက်ချရှိစေရန် ခုံလက်မှတ် ကြိုတင်ဖြတ်ရမည့် မူဝါဒများကို ရွေးချယ်စရာပိုမိုပေးထားသည့်အဖြစ်သို့ တိုးမြှင့်ထားကြောင်းသိရသည်။

လေကြောင်းသည် ရက်စွဲပြောင်းလဲခြင်းများကို အကြိမ်ရေ မကန့်သတ်ထားခြင်း၊ ခရီးသည်များအနေဖြင့် ၎င်းတို့၏ ခရီးစဉ်ကို မူလသွားမည့် နေရာမှ မိုင် ၅၀၀၀ အကွာအဝေး အတွင်း ဖြစ်ပါက အပြောင်းအလဲ ပြုလုပ်နိုင်မည်ဟုလည်း သိရသည်။

လေယာဉ်ပေါ်ရှိ လုံခြုံဘေးကင်းရေး အစီအစဉ်များကိုလည်း တိုးမြှင့်ထားပြီး လေယာဉ်မောင်မယ်များအနေဖြင့် တစ်ကိုယ်ရည်သုံးကာကွယ်ရေးဝတ်စုံ (PPE – Personal Protective Equipment) များ ဝတ်ဆင်ထားစေမည်ဟု သိရသည်။

ခရီးသည်များသည်လည် ခရီးစဉ်အတွင်း မျက်နှာဖုံး/အုပ်များ ဝတ်ဆင်ရမည်ဖြစ်ပြီး မိမိအတွက် ကွက်တိဖြစ်သော ကိုယ်ပိုင် Masks များ ယူဆောင်လာပါက ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း တိုက်တွန်းထားသည်။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။
Orio Economics

Source: BreakingTravelNews, Qatar Airways, The Federal

%d bloggers like this: