0

ဟိုတယ်တွေပြန်ဖွင့်ခွင့်ရပေမဲ့ ကွာရန်တင်းကြောင့် ဒုက္ခဖြစ်နေတဲ့ ဖူးခက်ကမ်းခြေ

Share

     ထိုင်းနိုင်ငံ ကော့စမွီက ဖူးခက်ကမ်းခြေဟာ သဘာဝအလှအပတွေနဲ့ ပြည်တွင်းပြည်ပ ခရီးသွားတွေကို အမြဲစွဲဆောင်နေတဲ့ နေရာပါ။ ခုခါမှာ ဒေသန္တရအုပ်ချုပ်ရေးမှူးက ဟော်တယ်တွေကို ပြန်ဖွင့်ခွင့်ပေးလိုက်ပြီ ဖြစ်ပေမဲ့ လာလည်တဲ့ ခရီးသည်တွေကို ကွာရန်တင်း ၁၄ရက်စောင့်ကြည့်ခံရမယ်ဆိုတာကြီးက အဟန့်အတားကြီး တစ်ခုဖြစ်လို့နေပါသေးတယ်။ ကမ်းခြေအနီးမှာရှိတဲ့ ဖူးခက်လေဆိပ်ကိုလည်း ပိတ်ထားတုန်းရှိသေးသလို ကူးစက်မှုပြင်းထန်တဲ့ ပြည်နယ်ရှစ်ခုက လာမဲ့သူတွေအနေနဲ့ မဖြစ်မနေ ကွာရန်တင်းစခန်းတွေမှာ စောင့်ကြည့်ခံရမယ်လို့ ပြည်နယ်က အမိန့်ထုတ်ပြန်ထားတာပါ။
     အဲ့ပြည်နယ်တွေကတော့ ဘန်ကောက်၊ နာသန်ဘူရီ၊ နာရာသီဝပ်၊ ယာလာ၊ ကရာဘီ၊ ပရာချင်းဘူရီ၊ စမွတ်ပရာကန်နဲ့ ချင်းမိုင် တို့တွေဖြစ်ပြီး ခုချိန်မှာ ဟော်တယ်တွေ တော်တော်များများကလည်း ပြန်ဖွင့်ဖို့ ကြိုးစားနေကြတုန်းပါလို့ ဖူးခက်က Deevana ဟော်တယ်ရဲ့ CEO လည်းဖြစ်သလို ထိုင်းဟော်တယ်လုပ်ငန်းရှင်များအသင်းရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ မစ္စတာ ဆွတ်စစ် ဆူဝမ်ဒီကားက ပြောပါတယ်။ ခုချိန်မှာ ကော့စမွီဒေသကိုလည်း ကူးစက်မှုပြင်းထန်တဲ့ နေရာအဖြစ်သတ်မှတ်ထားလို့ လာလည်တဲ့ ဧည့်သည်တွေကတော့ ကွာရန်တင်း ၂ခါပြန်နဲ့ တိုးမှာဖြစ်လို့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ပါဘူးတဲ့။ ဖူးခက်ကို ပြည်ပခရီးသည်တွေ လာရောက်ခွင့်ကတော့ ခုချိန်ထိပိတ်ထားတုန်းဖြစ်တာကြောင့် တချို့ဟိုတယ်တွေဆိုရင် အောက်တိုလာမှပဲ ပြန်ဖွင့်ဖို့ စဉ်းစားနေကြတယ်လို့ မစ္စတာ ဆွတ်စစ်က ထပ်ပြောပါသေးတယ်။
     သူကပဲဆက်ပြီး ဒီလိုကန့်သတ်ချက်တွေဟာ လက်တွေ့မကျတော့ဘဲ အရဲစွန့်ပြီးလာမဲ့ ဧည်သည်တွေကိုပါ စိတ်ပျက်အောက်လုပ်နေသလိုပဲလို့ ပြောပါတယ်။ ဧည့်သည်တွေကို ကွာရန်တင်း ၁၄ရက်ဝင်ခိုင်းမဲ့အစား ခရီးမသွားခင် ၇၂နာရီအတွင်း စစ်ဆေးထားတဲ့ ကျန်းမာရေးထောက်ခံချက်သော်လည်ကောင်း၊ ဒါမှမဟုတ် Mor Chana, Thai Chana ဆိုတဲ့ ကိုဗစ်စောင့်ကြည့်ရေး အပလီကေးရှင်းတွေမှာ လိုအပ်ချက်တွေဖြည့်စွက်ပြီး ခွင့်ပြုပေးမယ်ဆိုရင် စီးပွားရေးတွေ ပြန်စတင်ဖို့ အခြေအနေအများကြီး ကောင်းသွားမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ နယ်ခံတွေဘက်ကလည်း လိုအပ်တဲ့ ကာကွယ်မှုတွေ စနစ်တကျလုပ်ဆောင်ထားပြီးဖြစ်တဲ့အတွက် ကျန်းမာရေးဌာကသာခွင့်ပြုရင် နိုင်ငံခြားသားခရီးသွားတွေကိုတောင် ပြန်လက်ခံလို့ရလောက်တဲ့ အစီအမံတွေလုပ်ထားပြီးဖြစ်လို့ပါတဲ့။
     မစ္စတာ ဆွမ်စစ်ကတော့ အခြေအနေတွေ အားလုံးပြန်ကောင်းရင် နိုင်ငံတကာခရီးသွားတွေ ဒီနှစ်ကုန်မှာ တဖြည်းဖြည်းဝင်ရောက်လာပြီး ၂၀၂၁ အစမှာ အားလုံးပုံမှန်အတိုင်း ပြန်လည်ပတ်ဖို့မျှော်လင့်နေတယ်လို့ ပြောပါတယ်။ Bangkok Airway ကတော့ ဘန်ကောက်နဲ့ စမွီကို ပုံမှန် လေယဉ်၂ကြောင်းပြေးဆွဲနေရာကနေ ဇွန်လ၁ရက်နေ့ကစပြီး ၄ကြောင်းပြေးဆွဲပေးမှာဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bangkok Post
Photo: VisionPic.Net/Pexels

%d bloggers like this: