ခရီးသွားကဏ္ဍပြန်ဖွင့်ချိန် ဖိလစ်ပိုင်လေကြောင်း ခရီးစဉ် ၁,၅၀၀ ထပ်မံတိုးချဲ့မည်

ဖိလစ်ပိုင်အစိုးရ၏ ကိုဗစ်-၁၉ ဆိုင်ရာကန့်သတ်ချက်များကို ရပ်တန့်ပေးပြီးနောက် နိုင်ငံတကာခရီးသွားလာရေးကဏ္ဍများကို ပြန်လည်ဖွင့်လှစ်ပေးချိန်တွင် Philippine Airlines က ယခုလအတွင်း ပြည်တွင်းပြည်ပခရီးစဉ်များကို ၅၂% တိုးချဲ့သွားမည်ဖြစ်သည်။
လေကြောင်းလိုင်းသည် နိုင်ငံတကာနှင့် ပြည်တွင်းခရီးစဉ် စုစုပေါင်း ၁,၅၀၀ ကျော်ကို တိုးမြှင့်သွားမည်ဟု ကြေညာခဲ့သည်။

လေကြောင်းလိုင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ဒေဝါလီခံရခြင်းမှကာကွယ်နိုင်ရန် အကြွေး ဒေါ်လာ ၂ ဘီလျံအား ပယ်ဖျက်နိုင်ရန် ဘဏ္ဍာရေးပြင်ဆင်ချက် – Debt Restructuring အစီအစဉ်ကို အမေရိကန်တရားရုံးသို့ တင်သွင်းလျှောက်ထားခဲ့ပြီး တရားရုံးကခွင့်ပြုခဲ့သည်။
အဆိုပါဆောင်ရွက်ချက်မှာ ကပ်ဘေးအတွင်း စီးပွားရေးအကြီးအကျယ်ထိခိုက်ခဲ့သော လေကြောင်းလိုင်းကုမ္ပဏီကြီးများ ပြုလုပ်ခဲ့ရသည့် ပေးရန် အကြွေးများကို ကုမ္ပဏီ၏ ပိုင်ဆိုင်မှုအတွင်းသို့ ပြောင်းလဲရေးသွင်းသည့် Debt Restructuring Plan များလည်း ဖြစ်သည်။

Philippine Airlines (PAL) အနေဖြင့် ရရှိလာသော အခွင့်အရေးအား နိုင်ငံအတွင်း နိုင်ငံတကာခရီးသွားများလာရောက်မှုကို မြှင့်တင်ရန်၊ ဖိလစ်ပီနိုလူမျိုးများ၏ နိုင်ငံခြားခရီးစဉ်ဝယ်လိုအားမြင့်တက်လာမှုကို ဝန်ဆောင်မှုပေးရန်၊ နိုင်ငံ့စီးပွားရေးနာလန်ထူစဉ်တွင် တုံ့ပြန်ဆောင်ရွက်ရန် စသည်တို့အားအသုံးချခြင်းဖြစ်ကြောင်း လေကြောင်းလိုင်း၏ ဥက္ကဌနှင့် COO ဖြစ်သူ Stanley Ng က ပြောကြားခဲ့သည်။
လေကြောင်းလိုင်း၏ တိုးမြှင့်မည့် ခရီးစဉ်များထဲတွင် မြောက်အမေရိက၊ အရှေ့တောင်အာရှ၊ ဂျပန်နှင့် အရှေ့အလယ်ပိုင်းဒေသများ ပါဝင်လျက်ရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Asia Nikkei, Forbes, Manila Times, Bilyonaryo
Image: Aviation Week

Share