0

ခရီးသွားလုပ်ငန်းတိုးတက်လာပြီးနောက် နိုင်ငံ့စီးပွားရေးပိုတောင့်တင်းလာအောင် ဂျပန်ကြိုးပမ်းနေ

Share

ဂျပန်စီးပွားရေးတိုးတက်မှု နှေးကွေးနေခဲ့သော်လည်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အရှိန်အဟုန်ဖြင့်မြင့်တက်ခဲ့ပြီးနောက် တိုးတက်မှုနှေးကွေးနေသော စီးပွားရေးကို ပြန်လည်တွန်းလှန်နိုင်ခဲ့သည်။

ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးနိုင်ငံကြီးသည် ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် ကန့်သတ်ချက်များ၊ တရုတ်မှသွင်းကုန်ပစ္စည်းပြတ်လပ်ခြင်းနှင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်း စသည့်အခက်အခဲများကြောင့် စီးပွားရေးနှောင့်နှေးခြင်းနှင့် ရင်ဆိုင်နေရသူဖြစ်သည်။

သို့သော် COVID-19 ကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက်ခြင်းက ခရီးသွားလုပ်ငန်းအပါအဝင် အခြားနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်တိုးတက် ကောင်းမွန်လာအောင် အထောက်အကူပြုပေးခဲ့သည်။ ဂျပန်စီးပွားရေးသည် ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက နောက်ဆုံးသုံးလပတ်တွင် 0.2% တိုးတက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အတွက် GDP 1.1% တိုးတက်ခဲ့ကြောင်း အစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Reference: Reuters, Tokyo (AP)
Photo: Getty Images

%d bloggers like this: