0

၅ လအကြာပိတ်ထားခဲ့သော ဟောင်ကောင် ဒစ်စနေးဥယျာဉ်ပြန်ဖွင့်မည်

Share

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ၅ လ နီးပါး ပိတ်ထားခဲ့ရသော ဟောင်ကောင်ရှိ Disneyland Resort ကို လာမည့် ကြာသပတေးနေ့တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဟု သိရှိရသည်။

အဆိုပါ အပန်းဖြေကစားကွင်းကြီးသည် လက်ခံနိုင်မည့် ဧည့်သည်ပမာဏထက် လျှော့ချ လက်ခံသွားမည်ဖြစ်ပြီး လာရောက်ကစားမည့်သူများ အနေဖြင့် တစ်ပတ်ကြိုတင်၍ လက်မှတ်ဝယ်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။

အပန်းဖြေစခန်းကြီးအတွင်းရှိ ဟိုတယ်ဝန်ဆောင်မှုများကိုမူ ဖြည်းဖြည်းချင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဟောင်ကောင်ရှိ နောက်ထပ် Theme Park တစ်ခုဖြစ်သော Ocean Park ကိုမူ ယခုရုံးပိတ်ရက်တွင် ဖွင့်လှစ်သွားမည်ဟု သိရသည်။

ဧည့်သည်တိုင်း ကြိုတင်လက်မှတ်များ ဝယ်ရမည်ဖြစ်သော်လည်း ၃ နှစ်အောက်ကလေးငယ်များမှာ ကြိုတင်လက်မှတ်ဝယ်ယူရန် မလိုအပ်သေးချေ။

လူတဦးနှင့် တဦး ခွာနေရမည့် Social-distancing စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ပြီး ပန်းခြံအတွင်း စားသောက်ဆိုင်များ၊ ကစားရန်နေရာများကဲ့သို့ နေရာတိုင်းတွင် နီးနီးကပ်ကပ် နေထိုင်ခြင်းများ၊ သွားလာခြင်းများ၊ နီးကပ်စွာ ဓါတ်ပုံရိုက်ခြင်းများကို တားမြစ်ထားမည်ဖြစ်သည်။

ဧည့်သည်များအနေဖြင့် ကျန်းမာရေးနှင့်ပါတ်သက်၍ ဘေးကင်းကြောင်း ကြေငြာချက်များကို အွန်လိုင်းမှ တဆင့် ဖြည့်သွင်းရမည်ဖြစ်သည်။

ပန်းခြံသို့ရောက်သည့် အချိန်တွင်လည်း ကိုယ်အပူချိန်တိုင်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး မျက်နှာအကာအကွယ် Mask များလည်း ဝတ်ဆင်လာရမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းရှိ Disneyland များကို ယာယီပိတ်ထားခဲ့ရသည်။

ရှန်ဟိုင်းရှိ အပန်းဖြေစခန်းမှာ ပထမဆုံး ပြန်လည်ဖွင့်လှစ်သည့် နေရာဖြစ်ခဲ့ပြီး ၎င်းပန်းခြံ၏ ၁ ရက်တာဝန်ဆောင်မှုပေးနိုင်သော လူဦး ၈၀၀၀၀ အစား ၃ ပုံ ၁ ပုံ ခန့်သာ ဖြစ်သည့် ၂၄၀၀၀ ကိုသာ ဝင်ခွင့်ပြုခဲ့သည်။

အော်လန်ဒိုရှိ Disnelyand ၏ ပြင်ပ စားသောက်ဆိုင်နေရာများကို လာမည့် ဇူလိုင် ၁၁ တွင် ပြန်ဖွင့်နိုင်မည်ဆိုသည်မှာ မသေချာသေးချေ။

ဟောင်ကောင် Disnelyand ၏ ဆုံးရှုံးမှုများသည် ပိတ်ထားရသော ရက်များကြောင့် ဖြစ်လာသည့် ပမာဏများ ထည့်မတွက်သေးလျှင်ပင် ဆုံးရှုံးမှု အနေဖြင့် ဟောင်ကောင် ဒေါ်လာ ၁၀၅ သန်း (အမေရိကန် ဒေါ်လာ ၁၃.၄ သန်း) ခန့်ရှိပြီဖြစ်သည်ဟု ကြေငြာထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: South China Morning Post, Fox News, Travelling With Nikki

%d bloggers like this: