ကိုဗစ်စည်းမျဉ်းများရှိနေသော်လည်း ဂျာမဏီ၊ စပိန်နှင့် ပြင်သစ်သို့ ခရီးသွားများပြား

COVID-19 နှင့်ပတ်သက်သော စည်းမျဉ်းများအား ခရီးသည်အားလုံးအပေါ် တင်းကြပ်နေဆဲဖြစ်သော်လည်း ဂျာမဏီ၊ စပိန်နှင့် ပြင်သစ်နိုင်ငံ ၃ နိုင်ငံသို့ ခရီးသည်များ ဆိုက်ရောက်မှုနှင့် ထွက်ခွါမှုများ များပြားလျက်ရှိသည်။
ဥရောပ လေကြောင်းခရီးသွားလုံခြုံရေးအဖွဲ့ – Eurocontrol က ပြီးခဲ့သည့် သီတင်းပတ် ဧပြီ ၂၁ မှ ၂၇ အထိ ရက်များအတွင်း အဆိုပါ ၃ နိုင်ငံတွင် ၁ ရက်လျှင် လေယာဉ်ခရီးစဉ် ၃၅၀၀ ခန့်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

အထက်ဖေါ်ပြပါ ရက်များအတွင်း ဂျာမဏီတွင် ၁ ရက်လျှင် ပျမ်းမျှ လေကြောင်းမှ ထွက်ခွါသူ၊ ဆိုက်ရောက်သူ အရေအတွက် ၄,၅၉၁ ဦးရှိပြီး ကပ်ဘေးမဖြစ်ပွားခင် ၂၀၁၉ ခုနှစ် ကာလတူ အခြေအနေနှင့် ယှဉ်လျှင် ၂၀% သာ လျော့နည်းလျက်ရှိသည်။
ဂျာမဏီသို့ ခရီးသွားအဝင်အထွက်များနေမှုမှာ ဗြိတိန်၊ အီတလီ၊ ပိုလန် ခရီးသွားများကြောင့်လည်း ပါဝင်သည်ဟု သိရသည်။

စပိန်တွင် အဆိုပါရက်များအတွင်း လေကြောင်းမှ ထွက်ခွါသူ၊ ဆိုက်ရောက်သူ ၁ ရက်လျှင် ပျမ်းမျှ ၄,၄၂၆ ဦး ရှိပြီး ၂၀၁၉ နှင့်ယှဉ်လျှင် ၈% ခန့် သာ လျော့နည်းတော့သည်ဟု Eurocontrol က ထုတ်ပြန်ခဲ့သည်။

အလားတူပင် ပြင်သစ်နိုင်ငံ၌လည်း ပျမ်းမျှ ခရီးသွားသူ အရေအတွက် ၃,၈၇၅ ဦး ရှိနေပြီး ဂျာမဏီနှင့် ဂရိ အဝင်အထွက်များကြောင့် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ဂျာမဏီသည် အသက် ၁၂ နှစ် နှင့် အထက်အား ကိုဗစ်ကာကွယ်ဆေးထိုးရန် သတ်မှတ်ထားပြီး လေဆိပ်ရောက်ရှိချိန်တွင် စာရွက်စာတမ်းများ ပြသရမည်ဖြစ်သည်။
စပိန်သည်လည်း ဥရောပ/Schengen ဧရိယာရှိ ခရီးသွားအားလုံးကို ကာကွယ်ဆေးထိုးနှံပြီးကြောင်း၊ ပြန်လည်ပျောက်ကင်းမှုနှင့် စမ်းသပ်ပြီး စာရွက်စာတမ်းများကို ဂျာမဏီကဲ့သို့ပင် စစ်ဆေးလျက်ရှိသည်။
ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက လူပုဂ္ဂိုလ်အားလုံးသည် ကာကွယ်ဆေးထိုးပြီး သို့မဟုတ် ကူးစက်ခံရလျှင်လည်း ပြန်လည်ပျောက်ကင်းထားပြီးဖြစ်ရမည်ဟု ကြေညာထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Schengen Visa Info
Image: JoshuaWoroniecki | Pixabay

Share