ဒီရေတံခွန်ရဲ့ မူရင်းနာမည်က မြင်းမြီးဆံ ရေတံခွန်လို့ အမည်ရတဲ့ Horsetail Waterfall ဖြစ်ပြီး နောက်ပိုင်းမှာ ထူးခြားတဲ့ ဒီဖြစ်စဉ်ကြောင့် မီးလျှံရေတံခွန်လို့ လူသိများလာခဲ့ပါတယ်။ နှစ်စဉ် ဖေဖော်ဝါရီလရဲ့ နောက်ဆုံးအပတ်ထဲက ၃ရက်လောက်မှာ ဝင်ကာနီးနေရောင်ခြည်ဟာ ဒီရေတံခွန်ရှိတဲ့ ကျောက်တောင်ကို အလင်းပြန်ရိုက်ခတ်ခဲ့ပြီး အဝေးကနေကြည့်ရင် ချော်ရည်ပူတွေ လင်းထိန်ဖြာဆင်းနေသလို မြင်ရစေတာပါ။ ဒါပေမဲ့ ရေတံခွန်ရဲ့ ရေပမာဏ အနည်းအများရယ်၊ နေရောင်ခြည်ဖြာဆင်းဖို့ ကောင်းမွန်တဲ့ ရာသီဥတုရယ်ရှိပါမှ ဒီလိုဖြစ်စဉ်ကို မြင်တွေ့နိုင်တာပါ။ ရေများပေမဲ့ တိမ်ထူတဲ့နှစ်တွေမှာ လာစောင့်ပြီးမှာ မမြင်လိုက်ရလို့ စောင့်ရကြိုးမနပ်တဲ့ သူတွေအများကြီးရှိပါတယ်။
အရင်နှစ်တွေက ရိုက်ကူးခဲ့သောပုံ
ဒီနှစ်လည်း ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာ မိုးရေချိန်ဟာ ပုံမှန်ရွာသွန်းမြဲအောက် လျော့ကျခဲ့လို့ မီးလျှံရေတံခွန်ကို မြင်ရဖို့ မရှိဘူးလို့ ပုံမှန်ကြည့်နေကြ ဓါတ်ပုံဆရာတွေက အလည်လာမဲ့သူတွေကိုသတိပေးထားပါတယ်။ ဘာလို့လဲဆိုတော့ မနှစ်ကတုန်းက ဒီ(၃)ရက်အတွင်း မီးလျှံရေတံခွန်ကို လာကြည့်တဲ့သူ ၂သောင်း ၂ထောင်ကျော်ရှိခဲ့လို့ပါ။ သဘာဝဥယျဉ် စီမံခန့်ခွဲရေးအဖွဲ့ကတော့ ရေအရမ်းနည်းနေတဲ့အတွက် ဒီဖြစ်စဉ်ဒီနှစ်ဖြစ်မှာ မဟုတ်ဘူးလို့ ယုံကြည်နေပြီး ဘုမသိ ဘမသိရောက်လာမဲ့သူတွေကို တားမြစ်ချက်ထုတ်ဖို့ပြင်ဆင်နေပါတယ်။
အရင်နှစ်တွေက ရိုက်ကူးခဲ့သောပုံ
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : Daily Mail