အကြီးဆုံး Online travel agency ဖြစ်သည့် Expedia ရဲ့ CEO ဟောင်း Mark Okerstrom နှင့် CFO ဟောင်း Alan Pickerill တို့ အကြိတ်အနယ် ဆွေးနွေးပြီး နောက်မှာတော့ သူ့ရဲ့ ဝန်ထမ်း ၃၀၀၀ ကို ရာထူးမှဖြုတ်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ “ဒါဟာ အလွန်ခက်ခဲတဲ့ ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်ပြီး ကျွန်တော်တို့ရူးရူးမိုက်မိုက်နဲ့ အလုပ်မဖြစ်တာတွေ လုပ်နေတာ ရပ်တန့်ပစ်ဖို့နဲ ကုမ္ပဏီကို အကြီးစား ပြန်လည်ဖွဲ့စည်းဖို့ အတွက်ဖြစ်ကြောင်း” ဥက္ကဌ Barry Diller က ပြောခဲ့ပါတယ်။ Expedia ကသူ့ရဲ့ဝန်ထမ်းတွေဆီကို သတ်မှတ်ထားတဲ့ အလုပ်အကိုင်၊ ရာထူး နှင့် team တွေကို ဖြုတ်ပစ်ခြင်းနှင့် activities အချို့ကိုလျှော့ချခြင်းတို့ဆောင်ရွက်မှာဖြစ်ကြောင်း email တွေပို့ပြီး အသိပေးခဲ့ပါတယ်။ ဖြုတ်ပစ်ရမဲ့ ဝန်ထမ်း ၃၀၀၀ ဟာ ကုမ္ပဏီ ဝန်ထမ်းအင်အားရဲ့၁၂% ဖြစ်ပြီး အဲဒီထဲက ဝန်ထမ်း ၅၀၀ ဟာ Seattle မှာရှိတဲ့ ကုမ္ပဏီရုံးချုပ်က ဖြစ်ပါတယ်။
“Expedia ရဲ့စားရိတ် (fixed cost) တွေဟာ သူ့ရဲ့European ပြိုင်ဘက်ဖြစ်တဲ့ Booking.com နဲ့ယှဉ်လျှင် ၂ ဆနီးပါး မြင့်တက်နေခဲ့ပြီး လွန်ခဲ့တဲ့ ၄၊ ၅ နှစ်အတွင်း Expedia နဲ့Booking.com ကို ယှဉ်ကြည့်လျှင် သူတို့အမြတ် (margin) တွေကသိသိသာသာ ကွာခြားလာတာကို သတိပြုမိမှာပါ” လို့ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ James Cordwell ကဆိုပါတယ်။
ယခုအချိန်မှာ Expedia နဲ့သူ့ရဲ့ပြိုင်ဘက်တွေဟာလဲ ခရီးသွားနယ်ပယ်ထဲကို ဝင်ရောက်ချယ်လှယ်ဖို့ကြိုးစားလာတဲ့ Google နှင့် ယခုဖြစ်ပွားနေတဲ့ Coronavirus အန္တရာယ်တို့ကို ရင်ဆိုင်ကျော်လွှားနေရပါတယ်။ Google search result ကြောင့် ခရီးသွားတွေဟာ agency platform တွေဆီ မသွားတော့ပဲ Hotel နဲ့flight ကိုယ်ပိုင် platform တွေဆီ ရောက်ရှိလာတာကြောင့် visitor တဦးချင်းဆီမှ ဝင်ငွေလျှော့ပါးလာကြောင်း Expedia က Google ကို အပြစ်ဆိုထားပါတယ်။ တဖက်မှာလဲ Virus ကြောင့် Expedia ရဲ့ဝင်ငွေ ဒေါ်လာ သန်း ၃၀ မှ ၄၀ ထိ ဆုံးရှုံးနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
Source: Financial Times