ရုရှားနှင့်ဘီလာရုစ်ရှိလုပ်ငန်းများကို Airbnb ရပ်ဆိုင်း

အိမ်ခန်းအငှားကုမ္ပဏီကြီး Airbnb က ရုရှားနှင့် ဘီလာရုစ်ရှိ ၎င်း၏လုပ်ငန်းများအားလုံးကို ရပ်ဆိုင်းကြောင်း ပြီးခဲ့သည့်တနင်္လာနေ့က ကြေညာခဲ့သည်။

“ရုရှား သို့မဟုတ် ဘီလာရုစ်တွင် ယာယီနေထိုင်ရေးအတွက် ခရီးသွားဧည့်သည်များက အိမ်ခန်းအငှားရှာဖွေမှုများ၊ တည်းခိုရန်ကြိုတင်စာရင်းသွားခြင်းများ လုပ်ဆောင်နိုင်တော့မည်မဟုတ်” ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကြိုတင် booking များကိုလည်း ဧပြီလ ၄ ရက်နေ့မှစတင်၍ ပယ်ဖျက်လိုက်ပြီဟုလည်းပါရှိသည်။

မတ်လ ၄ ရက်နေ့တွင် Airbnb ၏ CEO ဖြစ်သူ Brian Chesky ကလုပ်ငန်းများရပ်ဆိုင်းမည့် အစီအစဉ်ကို Twitter ပေါ်မှတဆင့် ကြေညာခဲ့ပြီးဖြစ်သည်။

ရုရှားအပေါ် အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု စီးပွားရေးဆန်ရှင်များကြောင့် ကုမ္ပဏီဖက်က ငွေလွှဲခြင်း၊ ငွေပေးချေခြင်းများနှင့် ပတ်သက်၍ ရုရှားနှင့်ဘီလာရုစ်ရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် မဖြစ်နိုင်တော့ကြောင်း ယခင်ကတည်းက ထုတ်ပြောခဲ့ဖူးသေးသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Photo: Reuters

Share