ခရီးသွားဧည့်သည့် ကျဆင်းမှုကြောင့် အမေရိကန်လေကြောင်းလိုင်းလုပ်ငန်းကြီးဟာ တဖြေးဖြေးကျုံ့လာပြီး လေကြောင်းလိုင်းဝန်ထမ်းတွေရဲ့အလုပ်အကိုင်လည်း လျော့ကျလာတော့မှာဖြစ်ပါတယ်။
ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းအရေအတွက်ဟာလည်း ကျဆင်းလာတာကြောင့် နဂိုမူလအခြေအနေကို ပြန်ရောက်ဖို့ မလွယ်ကူလှပါဘူး။ အနည်းငယ်သော လေကြောင်းလိုင်းတွေ ဆက်လက်အလုပ်လုပ်ကိုင်နိုင်စေဖို့နှင့် လေကြောင်းလိုင်းဝန်ထမ်းများအား နောက် ၆လထိ အလုပ်လုပ်နိုင်ရန် လစာပေးဖို့အတွက် ပြီးခဲ့တဲ့အပတ်မှာ အမေရိကန်ဒေါ်လာ ဘီလျံ၅၀ ထောက်ပံ့ပေးခဲ့ပါတယ်။ သို့သော်လိုင်း လေကြောင်းလိုင်းမှတာဝန်ရှိသူများကတော့ ခရီးသည်ဦးရေ ပိုမိုကျဆင်းလာပြီး လေယာဉ် အနည်းငယ်သာ ပျံသန်းပြေးဆွဲနိုင်လိမ့်မယ်ဟု ခန့်မှန်းထားကြပါတယ်။
“ကျွန်တော်တို့ကြောက်ရွှံံနေသလို ပုံမှန်အခြေအနေပြန်ရောက်ဖို့အချိန်ကြာနေမယ်ဆိုရင် ကျွန်တော်တို့ လေကြောင်းလိုင်းတွေရယ် လုပ်ငန်းနယ်ပယ်က ယနေ့ထက်တောင် ပိုကျဉ်းလာပါလိမ့်မယ်” ဟု United ၏ CEO Oscar Munoz နှင့် ဥက္ကဌ Scott Kirby ကဆိုပါတယ်။
ယိုင်နဲ့နေတဲ့လေကြောင်းလိုင်းလုပ်ငန်းဆိုတာ ၂၀၂၀ အစပိုင်းမှာ ရှိခဲ့တဲ့ အလုပ်အကိုင်ပေါင်း ၇၅၀,၀၀၀ ပျောက်ကွယ်သွားတော့မှာကို ဆိုလိုတာဖြစ်ပါတယ်။ လေယာဉ်ပေါင်းမြောက်များစွာကို မြေပြင်ပေါ်မှာရပ်နားထားမှာဖြစ်ပြီး တနည်းပြောရသော် ပျံသန်းမည့် လေကြောင်းလိုင်းအရေအတွက် ပိုနည်းလာပြီး လေယာဉ်လက်မှတ်ခတွေ ဈေးပိုကြီးလာမယ်လို့ပြောတာပါ။
Low-cost လေကြောင်းလိုင်းတွေအတွက် ဧည့်သည်တွေရဲ့booking တွေလဲ ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတယ်။
လေကြောင်းလိုင်း ပျံသန်းမှုတွေ လျှော့ချလိုက်တာ့မှာဖြစ်လို့ခရီးစဉ်အချိန်တွေက ယခင်ကထက်လျော့နည်းလာပြီး ရွေးချယ်စရာ ခရီးစဉ် နည်းပါးလာတော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်လက်မှတ်ခတွေလည်း ယခင်ကထက်ဈေးပိုကြီးလာတော့မှာ ဖြစ်ပါတယ် လို့ S&P Global ၏ chief credit analyst ဖြစ်သူ Philip Baggaley ကဆိုပါတယ်။
ယခုလို လေကြောင်းလိုင်းလုပ်ငန်း ရုတ်တရက် ကျဆင်းလာတာဟာ အမေရိကန်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ 9/11 အကြမ်းဖက်မှု မဖြစ်ပွားခင်တုန်းက အမေရိကန်မှာ အဓိကလေကြောင်းလိုင်း ၉လိုင်းရှိခဲ့ရာမှ အဲ့ဒီထဲက Continental, Northwest နှင့် US Airways တို့က American (AAL), United (UAL), Delta (DAL) နှင့် Southwest (LUV) ဆိုပြီးအဓိက လေကြောင်းလိုင်းကြီး ၄လိုင်းအဖြစ်ထွက်ပေါ်လာခဲ့ပါတယ်။
အဆိုပါလေကြောင်းလိုင်း ၄ လိုင်းက အမေရိကန်လေကြောင်းပျံသန်းမှု၏ ၈၀%ကို ထိန်းချုပ်ထားပြီး ကျန်တဲ့ ရာခိုင်နှုန်းကို အခြား low-cost လေကြောင်းလိုင်းများက ရရှိထားခဲ့ပါတယ်။ ယခုအခါတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ခရီးသည်ပေါင်းများစွာ ကျဆင်းလာသည့်အတွက် ၎င်းလေကြောင်းလိုင်းများ၏ လေယာဉ်ခရီးစဉ်များကို လျှော့ချထားပြီး အနည်းငယ်သော ခရီးစဉ်များကိုသာ ပျံသန်းပြေးဆွဲလျက်ရှိပါတယ်။ ထို့အပြင် အနာဂတ်တွင်လည်း ပိုမိုနည်းပါးတဲ့ခရီးစဉ်နှင့် လေကြောင်းလိုင်းရွေးချယ်မှုတို့နဲ့အတူ လေယာဉ်လက်မှတ်ခတွေလည်း ဈေးတက်လာတော့မှာဖြစ်ပါတယ်။ ယခင် 9/11 မှစ၍ဖြစ်ပေါ်ခဲ့သော စီးပွားရေးပျက်ကပ်များကြောင့် လေကြောင်းလိုင်းများစွာ ဒေဝါလီခံခဲ့ရတာကြောင့် ယခုအခါတွင် ထပ်မံမဖြစ်ပေါ်ရန် လေကြောင်းလိုင်းကြီးများက ကြိုးစားအဖြေထုတ်လျက်ရှိပါတယ်။
ကူးယူဖော်ပြခြင်း ခွင့်မပြုပါ။
Source: BBC news