0

Airbnb က ကမ္ဘာတဝန်းရှိ တည်းခိုသူများအား free cancellation ပြုလုပ်ခွင့် နှင့် ငွေအပြည့်ပြန်အမ်းပေး။

Share

Airbnb က သူ၏ ခရီးသွားဧည့်သည်တွေ အနေနဲ့ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးစဉ် ရုတ်သိမ်းဖြစ်ပါက တည်းခိုရန် ဘွတ်ကင်တင်ထားသည့် အခန်းရဲ့cancellation policy နဲ့ပတ်သက်ပြီး ဖြေလျှော့မှုတွေ ပြုလုပ်ပေးလိုက်ပါတယ်။ ဧည့်သည်တွေအနေနဲ့ တည်းမခိုဖြစ်တော့ဘူးဆိုရင် အခမဲ့ cancel ပြုလုပ်နိုင်မှာဖြစ်ပြီး စရံငွေ (သို့မဟုတ်) ပြန်အမ်းငွေ အပြည့်အဝ ပြန်လည်ရရှိမှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြီးခဲ့တဲ့ စနေနေ့က ကြေငြာခဲ့ပါတယ်။

ယခု ပြုလုပ်တဲ့ policy ဟာ March လ ၁၄ ရက် ၂၀၂၀ မှ ဧပြီလ ၁၄ ရက် ၂၀၂၀ ထိ check-in ပြုလုပ်မဲ့သူတွေအတွက် အကြုံးဝင်မှာဖြစ်ပြီး မတ်လ ၁၄ ရက် မတိုင်ခင်က reservation လုပ်ထားတဲ့ အခန်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

“ပထမဆုံးအနေနဲ့ Airbnb ကကမ္ဘာတဝန်းလုံးမှာရှိတဲ့ ဧည့်သည်တွေ ကို အခန်း cancel လုပ်ခွင့်ပေးပြီး ပိုက်ဆံအပြည့် ပြန်အမ်းပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီ bookings တွေအပေါ် ဘာငွေကြေးမှ မကောက်ခံတော့ပါဘူး။ ပြီးတော့ ခရီးသွားသူတွေအနေနဲ့ ပိုက်ဆံ မဆုံးချင်လို့ ခရီးသွားလိုက်တာမျိုးလည်း မဖြစ်စေချင်ဘူး” လို့ founder ဖြစ်သူ Chesky က Twitter ကတဆင့် ကြေငြာခဲ့ပါတယ်။

မကြာသေးခင်ကထိ Airbnb က ကိုရိုနာဗိုင်းရပ်စ် အခြေအနေ ဆိုးရွားနေတဲ့ နိုင်ငံအချို့ဖြစ်တဲ့ အမေရိကန်၊ တရုတ်ပြည်မကြီး၊ တောင်ကိုရီးယားနှင့် အီတလီနိုင်ငံတွေ အတွက်သာ Policy ဖြေလျှော့မှု လုပ်ပေးခဲ့တာဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကို WHO က pandemic ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါအဖြစ် ကြေငြာလိုက်ပြီးတဲ့ နောက်မှာတော့ policy ကို တကမ္ဘာလုံး အကြုံးဝင်အောင် လုပ်ခဲ့တာဖြစ်ပါတယ်။

Chesky က “ဒီနေရာမှာ လေးစားရတဲ့သူတွေက Host အိမ်ရှင်တွေပဲဖြစ်ပါတယ်။ သူတို့ကပဲ သူတို့ဆီ တည်းခိုဖို့မလာနိုင်တော့တဲ့သူတွေဆီက ရရှိတဲ့ ပိုက်ဆံကို ပြန်အမ်းပေးဖို့ ပြောလာတာဖြစ်တယ်” လို့ဆိုပါတယ်။ “နောက်ပြီး အိမ်ရှင်တွေအနေနဲ့သူတို့ရဲ့ဝင်ငွေကို အိမ်ငှားရမ်းခက ရတဲ့ဝင်ငွေတွေအပေါ်မှာ မီခိုနေရတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါကြောင့် အိမ်ရှင်တွေကိုလည်း အကူအညီ တခုခုပေးနိုင်ဖို့ကုမ္ပဏီအနေနဲ့အစီအစဉ်အသစ်တွေ ရေးဆွဲနေတယ် ?လို့ပြောခဲ့ပါတယ်။

တဖက်မှာလဲ Airbnb အနေနဲ့ ယခုလို ငွေပြန်အမ်းပေးမယ်ဆိုရင် ကုမ္ပဏီရဲ့ဝင်ငွေအပေါ်ထိခိုက်လာမှာဖြစ်ပြီး Airbnb ရှယ်ယာ ဈေးအပေါ်မှာလဲ သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ Airbnb ဆိုတာ အိမ်ရှင်နှင့် အိမ်ငှားအကြား third party အနေနဲ့ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ Digital Platform ကြီး တခုဖြစ်ပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။

%d bloggers like this: