နှစ်ပေါင်း ၇၀ နီးပါးအထိ နိုင်ငံပိုင်လက်အောက်တွင်ရှိနေခဲ့သော Air India လေကြောင်းလိုင်းကြီးသည် မနှစ်က ပိုင်ရှင်အသစ် Tata Group ကဝယ်ယူလိုက်ပြီးသည့်နောက် လေကြောင်းလိုင်းအား ခေတ်မီအောင် အသစ်ပြန်လည် မွန်းမံရန် ပြင်ဆင်လျက်ရှိသည်။
နိုင်ငံတကာခရီးစဉ်ဈေးကွက်ကို ခွဲယူရန် ပြင်ဆင်နေသည့် Air India သည်ဗြိတိန်သို့ အပတ်စဉ် ခရီးစဉ် (၁၂) ကြိမ်ပြေးဆွဲရန် ပြင်ဆင်နေပြီး အိန္ဒိယမြို့ငယ်များမှ လန်ဒန် Gatwick Airport သို့ပို့ဆောင်ပေးမည်ဖြစ်သည်။
Air India သည် ၂၀၂၂ ခုနှစ်တွင်အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိရင်းနှီးမြှုပ်နှံထားပြီး ၂၀၂၃ တွင် ဘိုကင်စနစ်၊ နေရာချစနစ်တို့အပါအဝင် လေကြောင်းလိုင်းဆိုင်ရာ နည်းပညာများကို အဆင့်မြှင့်တင်သွားမည်ဟုဆိုသည်။
Tata အုပ်စု၏လေကြောင်းလုပ်ငန်း အသစ်တိုးချဲ့မှု တစိတ်တပိုင်းအဖြစ် Air India က AirAsia India ၏လုပ်ငန်း ၁၀၀% ကိုလွှဲပြောင်းရယူပြီး Air India Express နှင့်ပေါင်းစည်းရန်အတွက်လည်း ၂၀၂၂ နိုဝင်ဘာလက သဘောတူညီခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Reference: Reuters, Economics Times
Photo: Getty Images