အာရှခရီးသွားလာမှု ၂၀၂၃ အကုန်တွင်ပြန်လည်မြင့်တက်မည်ဟု Air Canada ခန့်မှန်း

ကနေဒါ၊ စိန့်လောဟွန့်အခြေစိုက် လေကြောင်းလိုင်း – Air Canada က အာရှပစိဖိတ်ဒေသနှင့် ကနေဒါတို့အကြား လေကြောင်းခရီးစဉ်များသည် ကပ်ဘေးမတိုင်မီအခြေအနေသို့ ပြန်လည်ရောက်ရှိရန် လာမည့် ၂၀၂၃၊ ဒီဇင်ဘာလတွင် ဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ဒေသတွင်းအကြီးအကဲတဦးက စနေနေ့တွင်ပြောကြားခဲ့သည်။

လက်ရှိတွင် ကနေဒါ – အာရှပစိဖိတ်ခရီးစဉ်များမှာ ၂၀၁၉ ခုနှစ်၏ ၃၀% ခန့်မျှသာ ပြေးဆွဲလျက်ရှိပြီး ယခုနှစ်အကုန်တွင်မူ ၂ ဆ ခန့် မြင့်တက်လာရန် မျှော်လင့်ထားသည်ဟု အာရှပစိဖိတ်ဒေသအရောင်းဒါရိုက်တာ Kiyo Weiss က ပြောကြားခဲ့သည်။

လေကြောင်းလိုင်းသည် အာရှ ပစိဖိတ်ဒေသတွင် ပျံသန်းစိုက်ရောက်စရာနေရာသစ်အတွက် လေကြောင်းခရီးစဉ်သစ်များ ထပ်မံထည့်သွင်းရန်လည်း စဉ်းစားနေသည်ဟု ဆိုသည်။
Kiyo Weiss က သူမတို့အနေဖြင့် လာမည့် ၁ လ သို့မဟုတ် အချိန်တိုအတွင်း ခရီးစဉ်အသစ်ချဲ့ထွင်မှုများအတွက် ဆုံးဖြတ်ချက်များချသွားနိုင်မည်ဟု အသေးစိတ်အချက်အလက်များမှလွဲ၍ ဖွင့်ထုတ်ပြောကြားခဲ့သည်။

ကနေဒါ၏ အကြီးဆုံးလေကြောင်းလိုင်းသည် ကပ်ဘေးအတွင်းမှ ပြန်လည်နာလန်ထူလာနေပြီဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများသို့ အထူးအာရုံစိုက်ကာ လေကြောင်းခရီးသွားဝယ်လိုအားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ကြိုးစားနေသည်။
ကုမ္ပဏီသည် စနေနေ့က ကနေဒါ၊ မွန်ထဟရယ်မှ တိုကျို၊ နာရိတလေဆိပ်သို့ တိုက်ရိုက်ခရီးစဉ်များကို ပြန်လည် ပြေးဆွဲခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Channel News Asia, Reuters, Corporate Office Headquarters
Image: REUTERS/Carlos Osorio

Share