0

ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန် ဘတ်စကတ်ဘောသမား ကိုဘီဘရိုင်ယန်ရဲ့ လက်ဖဝါးခတ်နှိပ်ထားတဲ့ ကျောက်ပြားကို ဧပြီလမှာ လေလံတင်မည်

Share

       Photo:Courtesy of Julien’s Auction/Handout via REUTERS

          ဒီကျောက်ပြားဟာ အမေရိကန်နိုင်ငံ၊ ဟောလိဝုဒ်ရှိ နာမည်ကျော် Grauman’s Chinease Theater ရှေ့မှာ ခင်းဖို့အတွက် ကိုဘီဘရိုင်ယန်က ၂၀၁၁ မှာ ခပ်နှိပ်ပေးခဲ့တာပါ။ ပုံမှန်ဆိုရင် ဒီ Grauman’s Chinease Theater ရှေ့မှာ ခင်းထားတဲ့ အမှတ်တရကျောက်ပြားတွေဟာ စတင်ခတ်နှိပ်ခဲ့တဲ့ ၁၉၂၀ ကစလို့ ဟောလိဝုဒ် အကျော်အမော် မင်းသား၊ မင်းသမီးတွေရဲ့ လက်ဖဝါးပုံစံတွေ၊ အမှတ်တရစကားလုံးတွေသာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုဘီဘရိုင်ယန်ဟာ ၂၀၁၁ မှာ သူ့လက်ဖဝါးပုံခတ်နှိပ်ပြီးတဲ့ နောက် ဒီ Theater ရှေ့မှာ မှတ်တမ်းတင်ခဲ့တဲ့ ပထမဆုံး အားကစားသမားဖြစ်ပါတယ်။
          ကိုဘီ ဘရိုင်ယန်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရလ ၂၆ ရက်နေ့က ရဟတ်ယဉ်ပျက်ကျပြီး ကွယ်လွန်ခဲ့ကာ ကွယ်လွန်ချိန်မှာ အသက် ၄၁နှစ် သာရှိပါသေးတယ်။ ရဟတ်ယဉ်ပျက်ကျတုန်းက သူနဲ့အတူ သမီးငယ်ဖြစ်သူ အသက်၁၃နှစ်အရွယ် Gianna အပါအဝင် တခြားလူ (၇)ဦးပါ အသက်ဆုံးရှုံးခဲ့ရပါတယ်။ လေလံကုမ္ပဏီဖြစ်တဲ့ Juliean’s Auction ကတော့ သူတို့ဟာ ကိုဘီဘရုင်ယန် မကွယ်လွန်ခင်ကတည်းက သူတို့ရဲ့ နှစ်ပတ်လည် အထူးလေလံပွဲအတွက် ပစ္စည်းတွေ စုဆောင်းနေခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ကိုဘီဘရိုင်ယန်လက်မှတ်ပါဝင်တဲ့ သူရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ယူစုဆောင်းချင်တဲ့ သူတွေအရမ်းများပြားနေပြီလို့ ဆိုသွားပါတယ်။


          ခုလာမဲ့ လေလံပွဲမှာ ဒီကျောက်ပြားအပြင် ၁၉၉၉-၂၀၀၀ NBA ဖိုင်နယ်မှာ ကိုဘီဘရိုင်ယန် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (8) ပါ ဂျာစီကလည်း စုဆောင်သူတွေကြားမှာ အထူးရေပန်းစားနေပါတယ်။ ဒါ့အပြင် ကိုဘီဘရိုင်ယန်ကိုယ်တိုင် လက်မှတ်ထိုးထားပြီး Addidas က စပွန်ဆာပေးထားတဲ့ Bryant’s No. 8 စာတမ်းပါ ဘတ်စကတ်ဘော ဖိနပ်ဟာလည်း လေလံတင်မဲ့ ပစ္စည်းစာရင်းမှာ ပါဝင်နေတယ်လို့ Beverly Hill မှာရှိတဲ့ Julien’s Auction ကုမ္ပဏီက ထုတ်ပြန်ထားပါသေးတယ်။
ကူးယူဖော်ပြခွင့် မပြုပါခင်ဗျား။

Source: Reuters

%d bloggers like this: