0

စီးပွားရေးအပေါ် အင်္ဂလန် ဘောလုံးလောက၏ သက်ရောက်မှု

Share

အကြံပေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ EY (Ernst & Young) က ဘောလုံးလောကရဲ့ပြိုင်ဆိုင်မှုတွေက နိုင်ငံရဲ့စီးပွားရေးကို အရေးကြီးတဲ့နေရာ အစိတ်အပိုင်းတစ်ခုအဖြစ်သက်ရောက်နေကြောင်းထုတ်ပြန်ထားပါတယ်။
အဲ့တာကတော့ အင်္ဂလန် ပရီးမီးယားလိဂ်မှာ ပြိုင်ဆိုင်မှုပြင်းထန်လာတာတွေကနေပြီးတော့ အခွန်နဲ့ပက်သက်တဲ့ ကောက်ခံရရှိမှုတွေ၊ အလုပ်အကိုင်တွေ၊ GVA လို့ ခေါ်တဲ့ Gross Value Added စတဲ့ အရာတွေဖြစ်ပါတယ်။ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီတစ်ခုတည်းမှာပဲ မြင်တွေ့ရတဲ့ ကိန်းဂဏန်းတွေက သင့်ကို အံ့သြစေမှာပါ။

ပေါင် ၃.၃ ဘီလျံ – ဘောလုံးကလပ်များမှ ရရှိသော အခွန် အခ ဖြစ်ပါတယ်။
၁၀၀,၀၀၀ – ဒါကတော့ ထိပ်သီး ပရီးမီးယားကလပ် ၂၀ ကြောင့် ရရှိလာတဲ့ အလုပ်အကိုင်ဖန်တီးပေးမှု အရေအတွက်ဖြစ်ပါတယ်။
၆၈၆,၀၀၀ – ဒါကတော့ ဗြိတိန်ကို ပရီးမီးယားလိဂ်လာကြည့်ဖို့ ခရီးထွက်ခဲ့ကြတဲ့ ခရီးသွား
အရေအတွက်ဖြစ်ပါတယ်။ နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် ခန့်မှန်းနိုင်တဲ့
ကိန်းဂဏန်း တစ်ခုပါ။
ပေါင် ၇.၆ ဘီလျံ – ဒါကတော့ ပရီးမီးယားလိဂ်ကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရဲ့ စီးပွားရေးထဲကို စီးဝင်လာတဲ့ ငွေကြေး GVA ဖြစ်ပါတယ်။

REF: Premier League, EY

%d bloggers like this: