0

၂၀၂၀ တိုကျို အိုလံပစ်ဟာ စီစဉ်ထားတဲ့အတိုင်း ကျင်းပမှာ ဖြစ်တဲ့အတွက် ကစားသမားတွေ အစွမ်းကုန်လေ့ကျင့်နေဖို့ နိုင်ငံတကာ အိုလံပစ်ကော်မီတီ ဥက္ကဋ္ဌပြောကြား

Share

          ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုဟာ ကမ္ဘာအနှံ့ဆက်လက်ဖြစ်ပွားနေတဲ့အတွက် ၂၀၂၀ တိုကျိုအိုလံပစ်ကို ရွေ့ဆိုင်;တော့မယ်၊ မကျင်းပဖြစ်တော့ဘူး စသည်ဖြင့် သတင်းတွေထွက်ရှိနေတဲ့အတွက် နိုင်ငံတကာ အိုလံပစ်ကော်မီတီ ဥက္ကဋ္ဌ သောမတ်ဘတ်ချ်က သတင်းအမှားတွေကို မယုံကြဖို့ ခုလိုထုတ်ပြောခဲ့တာပါ။ မစ္စတာ ဘတ်ချ် ဒီလိုထုတ်မပြောခင် ရက်ပိုင်းလောက်ကမှ ဂျပန်အိုလံပစ်ဝန်ကြီး ဟရှိမိုတိုဟာ ပါလီမန်မှာ ၂၀၂၀ တိုကျိုအိုလံပစ် ရွေ့ဆိုင်းဖို့ အကြံပြုချက်တင်သွင်းခဲ့ဘူးလို့ ကောလဟာလတွေ ထွက်လာတာလဲ မဆန်းဘူးလို့ပြောရမှာပါ။ ဒါပေမဲ့ IOC (International Olympic Committee) တော့ အိုလံပစ်ပွဲတော်ဟာ အရင်သတ်မှတ်ထားတဲ့အတိုင်း ဂျုလိုင် ၂၄ရက်ကနေ သြဂုတ်လ ၉ရက်နေ့အထိကျင်းပမှာဖြစ်တယ်လို့ဆိုသွားပါတယ်။
          မစ္စတာ ဘတ်ချ်ကတော့ သူတို့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်လောက်ထဲက ဂျပန်နိုင်ငံမှာ အိုလံပစ်ပွဲတော်ကျင်းပရေး အထူးအဖွဲ့ကို ဖွဲ့စည်းပြီးပြီလို့ဆိုပါတယ်။ ဒီအဖွဲ့မှာဆိုရင် IOC က အရာရှိတွေ၊ ဂျပန်အိုလံပစ်ကော်မီတီက တာဝန်ရှိသူတွေ၊ တိုကျိုမြို့က တာဝန်ရှိသူတွေ၊ ဂျပန်အစိုးရပိုင်းတာဝန်ရှိသူတွေ၊ နောက် WHO ကကျွမ်းကျင်သူတွေပါဝင်ပြီး ပွဲတော်ကို အောင်မြင်အောင်ကျင်းပနိုင်ဖို့ ကြိုးပမ်းနေကြပြီလို့ ဆိုပါတယ်။ ဒါကြောင့်လဲ အိုလံပစ်ပွဲဝင်နွှဲဖို့ ပြင်ဆင်နေတဲ့ ကစားသမားတွေကို လေ့ကျင့်ရေးမှာသာအာရုံစိုက်ဖို့နဲ့အစိုးရိမ်မလွန်ဖို့ ထပ်မံပြောကြားထားပါသေးတယ်။


         photo : Reuters

          ဒါပေမဲ့ ဂျပန်နိုင်ငံရဲ့ မြေပြင်အခြေအနေကတော့ အားရစရာမရှိလှပါဘူး။ တိုကျိုအိုလံပစ်မှာ လုပ်အားပေးမဲ့ volunteer အဖွဲ့တွေကို ခုလောလောဆယ် training နားထားတဲ့အပြင် ပြီးခဲ့တဲ့ အပတ်ကကျင်းပခဲ့တဲ့ တိုကျိုမာရသွန်မှာလည်း အပြေးအားကစားသမား အစစ်တွေလောက်ကိုပဲ လက်ခံခဲ့ပြီး အကျဉ်းရုံးလုပ်ခဲ့တာပါ။ ဒါအပြင် J-League ကဘောလုံးပွဲတချို့ကိုလည်း ပွဲရွေ့ဆိုင်းထားသလို ကူးစက်မှုများပြားတဲ့ ဒေသတွေမှာ ကျောင်းတွေပါပိတ်ထားရတဲ့ အခြေအနေပါ။
          တစ်ဘက်က ဝေဖန်သူတွေကတော့ မစ္စတာ ဘတ်ချ်ဟာ အရင့်အရင်ကလည်း စိန်ခေါ်မှုတွေကို ဖြတ်ကျော်ပြီး အိုလံပစ်ပွဲကို ကျင်းပခဲ့ဘူးတဲ့အတွက် ဒီတစ်ခေါက် ကိုရိုနာဗိုင်းရပ်စ်ကို သူမကြောက်တာလည်း ဆန်းတော့မဆန်းဘူးလို့ ဆိုကြပါတယ်။ သူဟာ ၂၀၁၆ ရီယို အိုလံပစ်တုန်းက Zikar ဗိုင်းရပ်စ် ခြိမ်းခြောက်မှုကို ကြုံခဲ့ရသလို ၂၀၁၈ ဖြောင်ချန်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာလည်း အိမ်ရှင်တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးနိုင်ငံကြား နူကလီးယားအရေး တင်းမာမှု ပြဿနာတွေ ကြုံခဲ့ရတာပါ။
ကူးယူဖော်ပြခွင်မပြုပါခင်ဗျား။

source : Independent

%d bloggers like this: