Orio Economics

Pique your curiosity

မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ ကိုဗစ်-၁၉ အတွက် ဆေးဝါး တစ်မျိုးကို လူအချို့တွင် စမ်းသပ်တော့မည်

မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ် University Of North Carolina မှ ဆေးသုတေသီများက ဖေါ်ထုတ်ထားသော EIDD-2801 ဟု အမည်ပေးထားသည့် ဆေးတစ်မျိုးသည် COVID-19 ကုသရေးတွင် အပြောင်းအလဲတစ်ခုဖြစ်လာနိုင်သည် ဟုထုတ်ပြန်ခဲ့သည်။ ကနဦးအနေဖြင့် အဆိုပါဆေးကို ကြွက်ကဲ့သို့သော အကောင်ငယ်များနှင့် စမ်းသပ်ရာတွင် အဆုတ်ထိခိုက်မှုကို သိသာစွာ လျှော့ချပေးနိုင်ခဲ့ပြီး မကြာမီ လူသားအဆင့်စမ်းသပ်ရန် လုပ်ဆောင်နေပြီဟုသိရသည်။
တက္ကသိုလ်၏ စီမံမှုအောက်တွင် ရှိသော Chapel Hill Gillings School of Global Public Health သည် အဆိုပါ ဆေး EIDD-2801 ဖေါ်ထုတ်ရေး၊ စမ်းသပ်ရေးတို့တွင် အဓိက အကျဆုံးနေရာမှ ပါဝင်ခဲ့သည်။
ရောဂါပိုး ကျွမ်းကျင်ပညာရှင်များမှာ William R. Kenan Jr ဓါတ်ခွဲခန်းတွင် စမ်းသပ်မှုများ တလျှောက်လုံးတွင် ပါဝင်ခဲ့သော ပါမောက္ခ ဒေါက်တာ Ralph Baric, Edward Claiborne Stahlman နှင့် ဒေါက်တာ George Painter (CEO of Nonprofit Drive) တို့ ဖြစ်ကြကြောင်း သိရသည်။
အသင်း၏ လေ့လာတွေ့ရှိချက်များကိုဧပြီလ ၆ ရက်နေ့တွင် အွန်လိုင်း ဂျာနယ် Science Translational Medicine တွင် ဖေါ်ပြခဲ့သည်။ အဆိုပါ အချက်အလက်များတွင် SARS-CoV-2 ကူးစက်ခံထားရသော လူသား၏ အဆုတ် လက္ခဏာများ၊ SARS-CoV, MERS-CoV ဆက်စပ် ကိုရိုနာပိုးများ ကူးစက်ခံထားရသော ကြွက်များ၏ အဆုတ်အခြေအနေများ ပါဝင်ခဲ့ကြောင်း သိရသည်။
EIDD-2801 သည် ကြွက်များ၏ ထိခိုက်ပျက်စီးလျက်ရှိသော အဆုတ်များကို သက်သာစေခဲ့ပြီး လူသားတို့တွင်လည်း အလားတူ အကျိုးပြုမည်ဟု မျှော်လင့်လျက်ရှိသည်။ အဆိုပါ EIDD-2801 သည် သောက်ဆေးအဖြစ်အသုံးပြုနိုင်သော အခြား ဗိုင်းရပ်စ်ကာကွယ်ရေးဆေးတစ်မျိုးဖြစ်သည့် EIDD-1931 မှ တဆင့် အဆင့်မြှင့် ဖေါ်ထုတ်ထားသော ဆေးဖြစ်သည်ဟု ဆိုသည်။ ၎င်းကို သောက်ဆေးအဖြစ်သုံးပြီး အဆုတ်များသို့ လျင်လျင်မြန်မြန်ရောက်၍ ကောင်းမွန်စွာ စုတ်ယူနိုင်မည်ဟု မျှော်လင့်လျက်ရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

source: thailandmedical.news, university of north carolina

Leave a Reply

Your email address will not be published.