0

Tesco က ပထမဆုံး အသားရောင်မတူသော ပလာစတာများ စတင်ထုတ်လုပ်။

Share

UK ၏အကြီးဆုံး လက်လီအရောင်းဆိုင်ဖြစ်တဲ့ Tesco က မတူညီတဲ့ လူမျိုးစုအပေါ် မူတည်ပြီး ကွဲပြားတဲ့ အသားရောင် ပလာစတာများကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒီလိုထုတ်လုပ်တာဟာ supermarket တွေထဲမှာ ပထမဆုံးဖြစ်ပြီး လူဖြူ၊ လူမည်းနှင့် အာရှလူမျိုး အသားအရောင်တို့ကို ရည်ညွှန်းထားတဲ့ အဖြူ၊ အလတ်နှင့် အညိုဆိုပြီး ၃ ရောင်ထုတ်လုပ်ထားကာ တနိုင်ငံလုံးမှာရှိတဲ့ Tesco ဆိုင်ခွဲပေါင်း ၇၄၁ ဆိုင်မှာသာမက online ကပါ ယခုအပတ် တနင်္လာနေ့မှ စတင်ဝယ်ယူရရှိနိုင်တာ ဖြစ်ပါတယ်။

လူမည်းအမျိုးသားတယောက်က မတော်တဆသူ့လက်ရှမိရာမှ ပလာစတာအသုံးပြုတဲ့အခါ သူ့အသားအရောင်နဲ့မတူညီတဲ့ ပလာစတာအရောင်ကြောင့် စိတ်ထိခိုက်မိတဲ့အကြောင်း Twitter ပေါ်တင်ခဲ့ပါတယ်။ သူနဲ့ခံစားချက်ခြင်းတူတဲ့သူအချင်းချင်း အပြန်အလှန် comment ပေး၊ share လုပ်ရာမှ post ဟာအတော်ပျံ့နှံ့သွားပြီး Tesco ကယခုလို အသားအရောင်မတူသူတွေအတွက် ထုတ်လုပ်ဖို့အကြံ ရရှိခဲ့တာဖြစ်ပါတယ်။

Tesco ရဲ့အရာရှိတဦးဖြစ်သူ Paulette Balson ကတော့ “အရင်က ဘယ် UK supermarket ကမှဒီလို အသားရောင်ကွဲတဲ့ ပလာစတာထုတ်ဖို့ စဉ်းစားမိမှာမဟုတ်ဘူး။ ကျွန်တော်တို့ Tesco ကဒါကို အခွင့်အရေးကောင်းတစ်ခုလို့မှတ်ယူပြီး ပြောင်းလဲမှုတစ်ခု စတင်လိုက်ခြင်းဖြစ်ပါတယ်။ နောက်ပြီး ဒီလို product မျိုးက စိတ်ခံစားချက်ဖြစ်စေနိုင်တယ်ဆိုတာကိုလဲ သတိပြုမိသွားတာပေါ့ဗျာ” လို့ဆိုပါတယ်။ အသားအရောင်မတူတဲ့ ပလာစတာကို အထူးသဖြင့် မျက်နှာလိုနေရာမှာ ကပ်ထားရတာ အတော်ကို စိတ်အသိကအောက် ဖြစ်စေပါတယ်။

Tesco ရဲ့အလှအပနှင့် ကျန်းမာရေးဆိုင်ရာ Director ဖြစ်သူ Nicola Robinson က “UK ရဲ့အကြီးဆုံးသော လက်လီ အရောင်းဆိုင်ကြီး တစ်ဆိုင်အနေနဲ့ ကျွန်တော်တို့ရဲ့product ဟာ ကျွန်တော်တို့customers တွေဖြစ်တဲ့ လူမျိုးကွဲတွေအပေါ်မှာလဲ တာဝန်ယူဖို့လိုအပ်တယ်ဆိုတာ နားလည်သဘောပေါက်မိပါတယ်။ အခုထုတ်လုပ်လိုက်တဲ့ အရောင်ကွဲ ပလာစတာတွေဟာ ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ခြေလှမ်းအသစ်ဖြစ်ပြီး အခြား retailers တွေလဲ ဒီလိုလိုက်လုပ်ဖို့မျှော်လင့်မိကြောင်း” ပြောကြားခဲ့ပါတယ်။ ယခုလောလောဆယ်မှာတော့ ကျန်းမာရေးနှင့် ဆေးဝါး အရောင်းဆိုင်ကြီးဖြစ်တဲ့ Boots မှာတော့ transparent ဖြစ်တဲ့ ပလာစတာများကိုသာ ဝယ်ယူရရှိနိုင်ပါသေးတယ်။

Source: The Guardian

%d bloggers like this: