0

တောင်ကိုရီးယားတွင် coronavirus mobile app များ download ရယူမှု မြင့်တက်။

Share

တောင်ကိုရီးယားနိုင်ငံဟာ နည်းပညာ ဖွံဖြိုးတိုးတက်မှုအများဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်တာနှင့်အညီ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် စတင် ကူးစက်ခံရပြီဟု အတည်ပြုပြီးချင်းချင်း ဗိုင်းရပ်စ် အချက်အလက်နဲ့ပတ်သက်ပြီး ဖြန့်ဝေပေးတဲ့ mobile app တွေကို developers တွေက စတင်ရေးပါတော့တယ်။ ထို့နောက် ယင်း app တွေကို Play Store မှ download ရယူမှု တရှိန်ထိုး မြင့်တက်ခဲ့ပြီး ၁ နာရီတိုင်း အကြိမ် ၂၀၀၀၀ ခန့် install လုပ်နေကြပါတယ်။ ၎င်း apps တွေကို အစိုးရက ထုတ်ပြန်တဲ့ data အချက်အလက်တွေကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်ကြောင်း Corona 100m ရဲ့Developer တစ်ဦးက ပြောပါတယ်။ ဒီ app ကနေတဆင့် coronavirus ရှိတဲ့ လူနာရဲ့တည်နေရာကို မြင်ရစေမှာဖြစ်ပြီး လူနာရဲ့နိုင်ငံသား အချက်အလက်၊ ကျား/မ ၊ အသက် နှင့် လူနာ သွားရောက်ခဲ့တဲ့ နေရာတွေကိုလဲ သိရှိမှာဖြစ်ပါတယ်။ ဒါကြောင့် app ကိုအသုံးပြုသူတွေက လူနာ ရောက်ရှိခဲ့တဲ့နေရာနဲ့ ကိုယ်ဘယ်လောက်နီးနီး ရောက်ရှိခဲ့ကြောင်းကိုလည်း ဆန်းစစ်ကြည့်နိုင်မှာဖြစ်ပါတယ်။

၎င်း apps တွေကို စတင် launch လုပ်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ မှ စတင်ကာ Google Play ပေါ်မှ အကြိမ် ၁ သန်းထက်မနည်း download ရယူပြီး ဖြစ်ပါတယ်။ ခဏတွင်းချင်းမှာပဲ အသုံးပြုသူများလွန်းတာကြောင့် application ရဲ့server ထိခိုက်တဲ့အထိ ဖြစ်ပွားခဲ့ပါသေးတယ်။ Corona Map ဆိုတဲ့ app ကို ရေးဆွဲခဲ့သူ Lee Jun-young ကတော့ “ဒီ app ကိုရေးဆွဲဖြစ်တာဟာ အစိုးရက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေဟာ နားလည်ရခက်နေတယ်၊ ကျန်းမာရေး ဌာနက လူနာရဲ့တည်နေရာကို ထုတ်ပြန်ခဲ့ပေမဲ့ အချက်အလက် သက်သက်ချည်းဖြစ်လို့ မြင်ဖို့မလွယ်ကူခဲ့ပါဘူး။ ဒါကြောင့် ဒီအချက်အလက်တွေ အားလုံးကို မြေပုံအဖြစ် ပြောင်းလဲလိုက်ဖို့အကြံရခဲ့တာ” ဖြစ်ကြောင်း ဆိုပါတယ်။

App developers တွေဟာ သူတို့ကိုယ်ပိုင် အရင်းအနှီးနဲ့ app တွေကိုရေးဆွဲ ထုတ်လုပ်နေတာဖြစ်ပြီး Corona 100m နှင့် Corona Doctor app တွေကတော့ အသုံးပြုသူ users တွေဆီက အလှူကောက်ခံမှုတွေ ပြုလုပ်ကြပါတယ်။ “ဒီ app က ဗိုင်းရပ်စ်ရှိတဲ့ လူနာတွေ ရှိခဲ့တဲ့ နေရာကို မြင်ရတာကြောင့် လူတွေ အဲဒီနေရာတွေကို ရှောင်ကြဉ်ကြတာ တွေ့ရလို့ ဝမ်းသာပါတယ်” လို့ Corona Map ရဲ့developer ဖြစ်သူ Lee ကပြောပါတယ်။

လောလောဆယ် အခြေအနေမှာတော့ ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ တရုတ်ပြည်မကြီးပြီးလျှင် တောင်ကိုရီးယားဟာ ဒုတိယ အဆိုးဆုံး အခြေအနေမှာ ရှိနေပါတယ်။ ဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား၏ စီးပွားရေးအခြေအနေကိုလဲ ရိုက်ခတ်မှုရှိလာပြီး Korean Air လေကြောင်းလိုင်း ပြေးဆွဲမှုအချို့ကို ရပ်ဆိုင်းထားကာ Hyundai Motor ရဲ့စက်ရုံကြီးကိုလဲ ပိတ်ပစ်ထားပါတယ်။Seoul မြို့မှာ ဖျော်ဖြေမဲ့ K-pop band BTS ဖျော်ဖြေပွဲတွေကိုလဲ ရပ်ဆိုင်းထားရပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN News

%d bloggers like this: