ဘန်ကောက်မြို့ ၊ အဝေးပြေးဘတ်စ်ကားဂိတ်မှာ လူတစ်ယောက် တစ်ခုံခြားစီ ခွဲခြားထိုင်နေတဲ့ပုံဖြစ်ပါတယ်။(Photo: Reutres/Challinee Thirasupa)
ကိုရိုနာဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေ တစ်ဦးကို ထိတွေ့မှုကနေ အများဆုံးကူးစက်တာဖြစ်လို့ ရောဂါဖြစ်ပြီးသားနိုင်ငံတွေမှာရော၊ မဖြစ်သေးတဲ့ နိုင်ငံတွေမှာပါ လူစုလူဝေးဖြစ်စေမဲ့ အားကစားပွဲတွေ၊ ဖျော်ဖြေပွဲတွေ၊ ရုပ်ရှင်ရုံတွေကို ပိတ်ပစ်လိုက်တာ အားလုံးအသိပါ။ ဒါ့အပြင် ကူးစက်မှု မြန်ဆန်တဲ့နိုင်ငံတွေမှာဆို ရုံးအလုပ်တွေကို အိမ်ကနေပဲလုပ်ခိုင်းတာတွေအပါအဝင် လူတစ်ဦးနဲ့တစ်ဦး ထိတွေ့မှုဖြစ်စေတဲ့အကြောင်းတွေ တားဆီးလိုက်တာကို Social Distancing လို့ခေါ်ကြပါတယ်။ တကယ်လို့ မဖြစ်မနေ အပြင်ကိုထွက်ကြရပြီဆိုရင် အနည်းဆုံး သတိထားရမဲ့ Social Distancing ကတော့ လူတစ်ဦးနဲ့ တစ်ဦး ၁မီတာ (၃ပေ)အကွာ ခွာနေရမှာပဲဖြစ်ပါတယ်။ ၃ပေဆိုတာ လူကြီးတစ်ယောက် လက်တစ်ကမ်းစာလောက်ဖြစ်လို့ “လက်တစ်ကမ်း ခွဲခြားနေထိုင်မှု” လို့ အနီးစပ်ဆုံးဘာသာပြန်လိုက်ပါတယ်။
အောက်ကပုံတွေကတော့ နိုင်ငံတကာမှာ စတင်ကျင့်သုံးနေတဲ့ လက်တစ်ကမ်းခွဲခြားနေထိုင်မှု မြင်ကွင်းတွေပဲဖြစ်ပါတယ်။ သေချာလေ့လာကြည့်ရင် တချို့နိုင်ငံတွေမှာ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေကို အစိုးရကိုယ်တိုင်က အမှတ်အသားတွေလုပ်ပေးထားပြီး လက်တစ်ကမ်းခွဲခြားမှု လုပ်ပေးထားသလို တချို့ကြတော့လည်း အရောင်းဆိုင်တွေကိုယ်တိုင်က ကျန်းမာရေးအသိရှိရှိနဲ့ လုပ်ပေးထားတဲ့ အမှတ်အသားတွေ၊ ကျင့်သုံးမှုတွေကို တွေ့ရမှာပါ။မြန်မာနိုင်ငံမှာဆိုရင်တော့ ရွှေအိုးဆေးဆိုင်ဟာ သူတို့ဆိုင်ထဲကို ဝင်ရင် လူလူခြင်းမထိမိအောင် တန်းစီစနစ်စတင်ကျင့်သုံးနေတာ ကြားလိုက်မိပါတယ်။ ဒီတော့ စာဖတ်သူတွေလည်း ပုံတွေကိုကြည့်ရင်း အစိုးရက ထုတ်ပြန်သည်ဖြစ်စေ မထုတ်ပြန်သည်ဖြစ်စေ အပြင်ထွက်ရင် မိမိကျန်းမာရေးအတွက် လက်တစ်ကမ်း ခွဲခြားနေထိုင်မှုကို ကျင့်သုံးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ဒါကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ကော်ဖီဆိုင်မှာ အရောင်းကောင်တာနဲ့ ဝယ်သူတွေကြား ကြိုးဆွဲလှည်းလေးတွေနဲ့ အပေးအယူလုပ်နေပုံဖြစ်ပါတယ်။ (Photo: Reuters/ Chalinee Thirasupa)
ဒီပုံကတော့ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့မှာ ဈေးဝယ်ဖို့စောင့်ဆိုင်းတဲ့သူတွေ တစ်ယောက်နဲ့ တစ်ယောက် ၁မီတာခြားပြီး ရပ်နေပုံဖြစ်ပါတယ်။ (Photo: Reuters/ Dinuka Liyanawatte)
ဒီပုံကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာရ မြို့က ဈေးဝယ်စင်တာ ဓါတ်လှေကားမှာ လူတစ်ဦးစီး ရပ်ရမဲ့ အမှတ်လေးတွေ မှတ်ပေးထားတာ တွေ့ရမှာပါ။ (Photo: Reuters/Antara Foto/Zabur Karuru)
ဒီပုံမှာဆိုရင်တော့ အမေရိကန်စစ်သားတွေ ပုံမှန်တန်းစီနေကြထက် ခွာပြီးတန်းစီထားတာကို မြင်ရမှာပါ။ (Photo: Reuters/ Mike Sega)
နယူရောက်မြို့၊ ဝါရှင်တန်ရင်ပြင် ပန်းခြံမှာ အားကစားလုပ်တဲ့သူအချင်းချင်း လက်တစ်ကမ်းခွဲခြားမှု ဖြစ်အောင် အမှတ်အသားလုပ်ပေးထားပုံဖြစ်ပါတယ်။ (Photo: Reuters/ Eduardo Munoz)
ဘန်ကောက်မြို့ ဘူတာရုံမှာ Social Distancing လုပ်ဖို့အတွက် ခွဲခြားပေးထားတဲ့ အမှတ်အသားတွေကို ခုံအလယ်မှာ မြင်ရမှာပါ။ (Photo: Reuters/ Soe Zeya Tun)
ဒီပုံကတော့ အမေရိကန်နိုင်ငံ၊ ဆီယက်တဲမြို့က စားသောက်ဆိုင်ရှေ့မှာ ဈေးဝယ်ဖို့စောင့်နေတဲ့ သူတွေပဲဖြစ်ပါတယ်။ ဒီပုံကအမှတ်အသားကတော့ ၂မီတာလောက်ရှိပါတယ်။ (Photo: Reuters/ Brian Synder)
ဒီပုံမှာဆိုရင်တော့ အင်ဒိုနီးရှားနိုင်ငံက ဆေးရုံတစ်ခုမှာ လက်တစ်ကမ်း ခွဲခြားမှုအတွက် အမှတ်အသားတွေလုပ်ပေးထားတာမြင်ရမှာပါ။ (Photo: Reuters/ Antara Foto/ Muhammad Arif Pribadi)
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က မြေအောက်ရထားစီးဖို့စောင့်နေကြတဲ့သူတွေပါ။ ဒီပုံမှာဆိုရင် အမှတ်အသားလုပ်ပေးထားတာမရှိပေမဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် Social Distancing လုပ်နေတာ့မြင်ရမှာပါ။ (Photo: Reuters/Eloisa Lopez)
ဒါကတော့် ဂျာမနီနိုင်ငံ၊ ဟမ်းဘတ်မြို့က ပါလီမန်မှာ အမတ်တွေ တစ်ဦးနဲ့ တစ်ဦး ခွဲခြားထိုင်နေပုံဖြစ်ပါတယ်။ (Photo: Axel Heimken//Pool via Reuters)
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source: Reuters