0

သံလွင်ဆီက နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အသက်ရှည်စေနိုင်။

Share

Mediterranean diet ဆိုတာ ဟင်းသီးဟင်းရွက်၊ အသီး၊ ငါး နှင့် သံလွင်ဆီတို့ အဓိက ပါဝင်တာကြောင့် ကျန်းမာရေးကို အများကြီး အထောက်အကူပြုစေပြီး အရိုးအားကောင်းခြင်း၊ ဦးနှောက် ကျန်းမာစေခြင်း၊ ကင်ဆာ၊ ဆီးချို၊ ကိုလက်စရောနှင့် နှလုံးရောဂါ တို့ကိုလျှော့ချပေးတာကြောင့် လူသိကြများလှပါတယ်။ Mediterranean ပင်လယ်နားမှာနေထိုင်တဲ့လူတွေဟာ နေ့စဉ် သံလွင်ဆီကို စားသုံးကြသူတွေ ဖြစ်ပါတယ်။ မာဂျရင်း၊ ထောပတ် (သို့မဟုတ်) မရောနိစ် ၅ ဂရမ်အစား သံလွင်ဆီကို အစားထိုး စားသုံးပါက နှလုံးသွေးကြောကျဉ်း ရောဂါ ကို ၇% လျှော့ချပေးနိုင်ကြောင်း အမေရိကန် နှလုံးကျန်းမာရေးဌာနမှ လေ့လာတွေ့ရှိချက်တခုမှာ ဖော်ပြထားပါတယ် ။

Harvard School of Public Health မှ Dr. Frank Hu က သင်နေ့စဉ် စားသုံးတဲ့ အစားအသောက်တွေထဲမှာပါတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အဆီ (fat)တွေ အစား သံလွင်ဆီကို အစားထိုးတာဟာ ကိုလက်စရောကို လျော့ကျစေပြီး နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေကြောင်း ဆိုပါတယ်။ ဒီစမ်းသပ်ချက်ကို ၂၀၁၃ ခုနှစ်တုန်းက လူ ၇၀၀၀ ကျော်ကို စမ်းသပ်ခဲ့တာဖြစ်ပြီး Mediterranean diet ကိုသံလွင်ဆီနဲ့ စားသုံးခဲ့သူတွေဟာ နှလုံးရောဂါဖောက်နိုင်ချေ ၃၀% လျော့နည်းသွားကြောင်း တွေ့ရှိခဲ့ပါတယ်။ သတိပြုစရာက စားနေကျ အစာထဲကို သံလွင်ဆီ ထပ်ထည့်ခိုင်းတာ မဟုတ်ပဲ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဆီတွေနေရာမှာ အစားထိုးခိုင်းတာ ဖြစ်ပါတယ်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN

%d bloggers like this: