လူသားဉီးနှောက်အတွင်း chip ထည့်သွင်းစမ်းသပ်ရန် FDA ခွင့်ပြုချက်ရရှိထားကြောင်း Elon Musk ဆို

Share

Elon Musk ၏ Brain-implant ကုမ္ပဏီ Neuralink က လူသားတို့ဉီးနှောက်အတွင်း ချစ်ပ်ပြားထည့်သွင်း စမ်းသပ်ခွင့်ရရှိရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပြီးနောက် အမေရိကန် FDA က ပထမဆုံးအကြိမ်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

FDA ခွင့်ပြုချက်သည် လူသားများစွာကိုကူညီပေးမည့်နည်းပညာအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်ဟု Neuralink ကဆိုသည်။ Musk ၏ brain implants ကုသမှုသည် အဝလွန်ခြင်း၊ အော်တစ်ဇင်၊ စိတ်ကျရောဂါ၊ စိတ်ကစဉ့်ကလျားရောဂါ စသည်တို့ကိုကုသပေးနိုင်မည်ဟုဆိုထားသည်။ ကုသပစ္စည်းများ၏ လုံခြုံစိတ်ချမှုအပေါ်အလွန် ယုံကြည်မှုရှိပြီး ၎င်း၏ကလေးများကိုပင် ကုသပေးရန်ရည်ရွယ်ထားသည်ဟု Musk ကဆိုသည်။

Neuralink ကလူသားစမ်းသပ်ချက်အား ၂၀၁၉ ခုနှစ်ကတည်းက စတင်နိုင်လိမ့်မည်ဟု Musk ကတွက်ချက်ထားခဲ့သည်။ သို့သော် FDA က Neuralink အား လူသားစမ်းသပ်ချက်များမပြုလုပ်မီ ဖြစ်လာနိုင်သည့်ဆိုးကျိုးများစွာကိုထောက်ပြထားပြီး အရေးအကြီးဆုံးအဖြစ် ထည့်သွင်းမည့် ကိရိယာ၏ လီသီယမ် ဘက်ထရီ၊ ဉီးနှောက်နှင့်ချိတ်ဆက် ဆက်သွယ်ရမည့် ဝါယာကြိုး၊ ဉီးနှောက် တစ်ရှုးများကို ထိခိုက်ပျက်စီးမှုမရှိစေပဲ ကိရိယာအား ဘေးကင်းစွာ ဖယ်ထုတ်ခြင်း စသည့် စိန်ခေါ်မှုများစွာ လည်းပါဝင်သည်။

Neuralink ကို ၂၀၁၆ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး အစိုးရဌာနပေါင်းများစွာ၏ စုံစမ်းစစ်ဆေးခြင်းလည်း ခံနေရသူဖြစ်သည်။ မေလတွင် animal testing ကြောင့် စုံစမ်းစစ်ဆေးရန် အမေရိကန်လွှတ်တော်အမတ်များက ဖိအားပေးခဲ့ပြီး ပို့ဆောင်ရေးဌာနကလည်း Neuralink ကမျောက်ဉီးနှောက်မှ ချစ်ပ်ပြားများ တရားမဝင်ဖယ်ရှားရာတွင် အန္တရာယ်ရှိရောဂါများ သယ်ဆောင်ခြင်းရှိမရှိ စသည့်သံသယများဖြင့် သီးခြား စုံစမ်းလျက်ရှိသည်။ ထို့အပြင် တိရစ္ဆာန်အခွင့်အရေး ချိုးဖောက်မှုဖြင့် USDA ၏စောင့်ကြည့်ခြင်းကိုလည်း ခံနေရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Reference: The Washington Post, BBC
Photo: Getty Images

%d bloggers like this: