ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့မှာ ပြန်ဖွင့်ခဲ့တဲ့ ဟောင်ကောင်က ဒစ်စနေးလန်းကတော့ ကိုဗစ်ကူးစက်မှု လူနာအသစ် ၅၇ယောက်ထပ်မံတွေ့ရှိပြီးနောက်မှာ social distancing ကိုပြန်လည် ထိန်းချုပ်ရန်အတွက် ပြန်ပိတ်မှာဖြစ်ပါတယ်။ အစိုးရ ကျန်းမာရေး ဌာနတွေရဲ့ ညျွန်ကြားချက်အရ လာမဲ့ ဂျူလိုင်၁၅ရက်နေ့မှာ ကစားကွင်းကြီးကို ပိတ်ထားတော့မှာပါ။ ဒါပေမဲ့ အပန်းဖြေစခန်းထဲက ဟော်တယ်ကတော့ ဖွင့်နေဦးမှာဖြစ်ပြီး တင်းကြပ်တဲ့ စည်းကမ်းတွေ ပြန်ထုတ်ထားမှာပါလို့ ဒစ်စနေးလန်းရဲ့ ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။
ဒါပေမဲ့ အမေရိကန် ဖလောရီဒါက ဒစ်စနေးလန်းကတော့ ကိုဗစ်ကူးစက်မှု ပြည်နယ်တွင်းမှာ အရှိန်အဟုန်နဲ့တက်နေပေမဲ့ ဖွင့်ထားဆဲရှိနေပါသေးတယ်။ ဖလော်ရီဒါပြည်နယ်ဟာ အမေရိကန်နိင်ငံတွင်းမှာ တစ်ရက်အတွင်းကူးစက်မှုအများဆုံးအဖြစ်နဲ့ ကူးစက်ခံရသူပေါင်း ၁၅၂၉၉ ရှိခဲ့တာပါ။ ဒစ်စနေး ပန်းခြံတွေရဲ့ ဥက္ကဋ္ဌအသစ်ဖြစ်တဲ့ Josh D’Amaro ကတော့ ပန်းခြံထဲမှာ ကူးစက်မှုတွေ မဖြစ်ပွားရအောင် အကောင်းဆုံး ကာကွယ်ထားပြီး လက်ရှိသူတို့ရဲ့ အပန်းဖြေစခန်းတွေကတော့ new normal မှာ အသားကျအောင် နေနိုင်နေပြီလို့ ဆိုသွားပါတယ်။
Source: CNN
Photo: KRTV.com