0

ဗိုက်ရွဲခြင်းက ခန္ဓကိုယ်အလေးချိန်များခြင်းထက် နှလုံးဖောက်မှုကို ပိုမိုဖြစ်စေကြောင်း ဆွီဒင်နိုင်ငံရှိ လေ့လာစမ်းသပ်ချက်တစ်ခုမှ ထုတ်ပြန်

Share

          ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ဥရောပ နှလုံးရောဂါကာကွယ်ရေး အသင်းဂျာနယ် (European Journal of Preventative Cardiology) မှာ ဒီအကြောင်းဆောင်းပါး ပါခဲ့တာဖြစ်ပြီး ဆွီဒင်နိုင်ငံက ဆေးသုတေသန ပညာရှင်တွေ ပူးပေါင်းရေးသားခဲ့တာပါ။ Karolinska Institute of Stockholm ရှိ ပါမောက္ခ Hanieh Mohammadi ဦးဆောင်တဲ့ အဖွဲ့တွေဟာ ဆွီဒင်နိုင်ငံအတွင်းရှိ နှလုံးအမောဖောက်ဖူးတဲ့ လူနာ ၂၂၀၀၀ ကို ၄နှစ်ကျော်ကြာ စောင့်ကြည့် သုတေသနပြုခဲ့တာဖြစ်ပါတယ်။

          ဒီလူနာတွေထဲကမှ အမျိုးသား ၁၂၃၂ ယောက်နဲ့ အမျိုးသမီး ၄၆၉ ယောက်ဟာ ၄နှစ်အတွင်းမှာ နှလုံးအမောဖောက်မှု နောက်ထပ်တစ်ကြိမ် ဒါမှမဟုတ် အကြိမ်များစွာ ပြန်ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။ သူတို့ထဲက ၉၀ ရာခိုင်နှုန်းလောက်ဟာ အမျိုးသားဆိုရင် ခါးဆိုဒ် ၃၇ လက်မကျော်တွေဖြစ်ပြီး အမျိုးသမီးတွေဆိုရင်တော့ ခါးဆိုဒ် ၃၂လက်မကျော်တွေဖြစ်နေကြတာပါ။ ဒါကြောင့် သတေသနလုပ်သူတွေက ဗိုက်ပူခါးတုတ်ခြင်းဟာ နှလုံးရောဂါကို ဖြစ်စေတဲ့ အခြားအကြောင်းအရင်းတွေဖြစ်တဲ့ ဆေးလိပ်သောက်ခြင်း၊ သွေးချိုဆီးချိုရှိခြင်း၊ သွေးတိုးရောဂါရှိခြင်း၊ Body Mass Index များနေခြင်း တို့လိုပဲ သတိထားစရာ အကြောင်းရင်းကြီးဖြစ်လာနေပြီလို့ ကောက်ချက်ချထားပါတယ်။ 

          နောက်ဒီစမ်းသပ်ချက်အရ အမျိုးသားတွေဗိုက်က အဆီဟာ အမျိုးသမီးတွေ ဗိုက်ကအဆီနဲ့ ဖွဲ့စည်းပုံမတူသလို ပိုပြီးလည်း အန္တရာယ်များတယ်လို့ ဆိုပါတယ်။ ဒီအဆီအမျိုးအစား (Visceral Fat) ဟာ ကိုယ်တွင်းအင်္ဂါတွေကို ပိုမိုထိုးဖောက်နိုင်ပြီး သွေးလွှတ်ကြောကျစ်ရောဂါကို ဖြစ်စေတဲ့ ကိုလက်စရောတွေကိုလည်း ပိုမိုတိုးပွားစေနိုင်လို့ပါ။ ဒါကြောင့် စာတမ်းအဆုံးမှာတော့ နှလုံးရောဂါကို လျှော့ချဖို့အတွက် တစ်နေ့ကို အနည်းဆုံး နာရီဝက်လမ်းလျှောက်ဖို့ အကြံပြုထားသလို ဆရာဝန်တွေကိုလည်း နှလုံးရောဂါ ဝေဒနာရှင်တွေ ဆေးခန်းလာပြရင် ခါးဆိုဒ်တိုင်းထားကြဖို့ အကြံပြုထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။

 

 

Source : CNN

%d bloggers like this: