All lettuce is good for you. ဆိုတဲ့ စကားလေး ရှိပါတယ်။ ဆလပ်ရွက်တွေအကုန်လုံးက သင့်အတွက် ကောင်းပါတယ်တဲ့။
ဒါပေမယ့် အမေရိကက Julian Michaels ဆိုသူကတော့ အစိမ်းရောင်ဖြစ်ရင်ပြီးရော အရွက်အကုန်လုံးကို မထောက်ခံပါဘူးတဲ့။
သူမကိုယ်တိုင်လည်း ကျန်းမာရေးနဲ့ ဘယ်လိုညီညွတ်အောင် နေထိုင်မလဲဆိုတဲ့ စာအုပ်တွေ အမြဲရေးလေ့ရှိပြီး ကိုယ်တိုင်လည်း ကျန်းကျန်းမာမာဖြစ်အောင် နေထိုင်သူတစ်ယောက်ဆိုတော့ ဘာတွေများဖြစ်မလဲဆိုတာ ကြည့်ကြရအောင်။
အစိမ်းရောင် အရွက်တွေထဲကမှ ဆလပ်ရွက်တွေဟာ အမျိုးအစား များပြားသလို သင့်ခန္ဓာကိုယ်ကို တကယ် အလေးချိန်မတက်စေတဲ့ အရွက်တွေဖြစ်ပါတယ်။ အကောင်းဆုံး ဆလပ်ရွက်တွေများ သင်ဝယ်ယူလို့ရနေပြီဆိုရင်တော့ ဒါတွေဟာ အစာချေဖျက်ဖို့၊ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေကို ကူညီဖို့၊ ကျန်းမာဖို့ တကယ်ဖြစ်စေမှာပါ။
ဂျူလီယာနာ ပြောချင်တာကတော့ အစိမ်းရောင်ထဲကမှ အရောင်ရင့်လေလေ၊ အာဟာရတွေပိုပါ လေလေ ဆိုတာပဲ ဖြစ်ပါတယ်။
ဒီအစိမ်းရောင် ဆလပ်ရွက်တွေမှာ ကျန်းမာရေးအတွက် သင့်တော်တဲ့ အသီးအရွက်ဆီပဲ ပါတာပါ။ စိတ်ပျိုကိုယ်နုလာဖို့ တကယ့်လိုအပ်ချက်ပေါ့။
မချက်ပဲနဲ့ ဒီအတိုင်းစားတာမျိုးကတော့ သဘာဝနဲ့ ပိုနီးစပ်တယ်လို့ ခံစားရမယ့်သူတွေများမှာ သေချာပါတယ်။
ဒါပေမယ့် ချက်စားမယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတစ်ခုကို စမ်းကြည့်ပါဦး။ အဲ့တာကတော့
(၁) သံလွင်ဆီ လက်ဖက်ရည် ဇွန်း ၁ ဇွန်းစာ
(၂) ကြက်သွန်ဖြူ အနည်းငယ်
(၃) သံပယို (သို့မဟုတ်) e.g USA Lemon လိုမျိုးနဲ့ တစ်ပတ်တစ်ခါလောက် ကြော်စားသင့်ပါတယ်လို့ သူမက ဆိုပါတယ်။
အစမ်းရောင် အရွက်တွေက သင့်အတွက် ကောင်းပါတယ်။ ဒီအောက်ကနာမည်လေးတွေကိုလည်း စမ်းကြည့်ကြပါဦး။
Arugula
Baby Spinach
Bibb Lettuce
Kale
Romaine
Source & Photos: Julian Michaels,
Southern Living