ထုတ်ဖေါ်ထားသော ဆေး၏ ရလဒ်ကောင်းများအကြောင်း မီဒီယာများက ဖေါ်ပြပြီးနောက် Gilead ထံတွင် ဆေးဝါး စမ်းသပ်ကုသရန် စာရင်းပေးသွင်းလာသော ကိုရိုနာကူးစက်ခံ လူနာစာရင်း ပိုမိုမြင့်တက်လာခဲ့သည်။
ချီကာဂို တက္ကသိုလ်ရှိ ဆေးရုံမှ COVID-19 လူနာများ အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာ နှင့် အဖျားပျောက်ကင်းမှုများ ရှိခဲ့သည်ဟု ဆေးပညာ သတင်းဝက်ဘ်ဆိုဒ်များက ရေးသားဖေါ်ပြပြီးနောက်တွင် ကုမ္ပဏီ၏ ရှယ်ယာ ၈% ခန့် တိုးတက်လာခဲ့သည်။
လက်ရှိစမ်းသပ်ခံမည့် လူနာစာရင်းတွင် ပေးသွင်းထားသူ ၆၀၀၀ ခန့်ရှိပြီး ၎င်းပမာဏမှာ မူလ ၂၄၀၀ မှ တိုးမြင့်လာခြင်းဖြစ်ကြောင်း clinicaltrials.gov မှ ထုတ်ပြန်ခဲ့သည်။
ယခုအချိန်တွင် တကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုရိုနာကူးစက်ခံရသူ ၂.၁၈ သန်းကျော်ရှိလာပြီး ဆေးဝါးနှင့် ကုသမှုများမှာလည်း မရေမရာဖြစ်နေဆဲပင် ဖြစ်သည်။
Remdesivir သည် ရင်းနှီးမြုပ်နှံသူများ မျက်စိ ကျရာ ဆေးဝါး တစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။
Gilead Sciences မှ ထုတ်ဖေါ်ထားသော အဆိုပါ ဆေးဝါးသည် အီဘိုလာ Ebola ရောဂါကို စမ်းသပ်ရာတွင် အောင်မြင်မှုအနည်းငယ်သာ ရှိခဲ့သော်လည်း COVID-19 နှင့် ဆက်စပ်ရောဂါများဖြစ်သည့် SARS (Severe Acute Respiratory Syndrome) နှင့် MERS (Middle East Respiratory Syndrome) တို့ကို တိရစ္ဆာန်များနှင့် စမ်းသပ်ရာတွင် ကာကွယ်မှု နှင့် ကုသမှုများပါ အလုပ်ဖြစ်ကြောင်း ပြသခဲ့သည်။
စမ်းသပ်ရရှိလာသော အချက်အလက်များကို ကောက်ချက်ချရန် ဆန်းစစ်မှုများ ဆက်လက်လုပ်ဆောင်ရန် လိုသေးကြောင်း၊ Remdesivir ကို ကိုဗစ်အတွက် ကုသရန် လုံလောက်သော၊ အားကောင်းသော ဆေးအဖြစ်သတ်မှတ်ရန် ပိုမို တိကျသော အချက်အလက်များ လိုအပ်သေးကြောင်း Gilead က ထုတ်ပြန်သည်။
STAT မှ ထုတ်ပြန်သော သတင်းများအရ remdesivir ဆေး ပါဝင်ကုသပေးသော ကုသမှုများ ရရှိသည့် လူနာများသည် အလျင်အမြန်ပြန်ကောင်းလာကြကြောင်း၊ အများစုမှာ အိမ်သို့ပင် ပြန်နေနေရပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆေးဝါး ပါဝင်သော ကုသမှုခံ လူနာများသည် တစ်ပတ်အကြာတွင် ဆေးရုံမှ ဆင်းခွင့်ရ ခဲ့ကြသည်ဟု STAT မှာ ဆရာဝန်များက စမ်းသပ်မှုအပေါ်ပြောကြားခဲ့သည်။
Orio Economics
source: reuters, cnn, pharmaintelligence