0

ကိုယ်ခံစွမ်းအား မြှင့်တင်ဖို့ ဝယ်ယူသင့်တဲ့ အစားအစာ ၉ မျိုး (by US National Institute of Health)

Share

Covid-19 ကာလမှာ မိမိတို့ရဲ့ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်နေဖို့ လိုအပ်သလို၊ ကိုယ်ခံစွမ်းအား ကောင်းနေဖို့လည်း အထူးလိုအပ်ပါတယ်။ အခြေခံလုပ်ဆောင်ရမယ့် လက်ဆေးတာ၊ လူအုပ်စုတွေကြားထဲမသွားတာ၊ ကာယလေ့ကျင့်ခန်းတွေလုပ်တာ၊ အိပ်ရေးဝဝအိပ်တာတွေ လုပ်ဆောင်ပြီးရင်တော့ ကိုယ်ခံအားကို မြှင့်တင်ဖို့ ဒီအစားအစာတွေကို ရွေးချယ်ဝယ်ယူနိုင်ဖို့ တင်ပြလိုက်ပါတယ်။

(၁) Red Bell Peppers – ငရုတ်ပွ အနီကြီးများ
ငရုတ်ပွ အနီကြီးတွေဟာ Vitamin C မြင့်မားစွာ ပါဝင်နေတတ်ပါတယ်။ ငရုတ်ပွ အနီတွေကို ကျိတ်ဖျော်ထားတဲ့ ခွက် ၁ခွက်မှာ နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင် စီ ၂၁၁% ထိ ပါဝင်နေတတ်ပါတယ်။ ဒါဟာ လိမ္မော်သီး ၁ လုံး စားလို့ရလာမယ့် ၁၀၆% ရဲ့ ၂ ဆ တိတိပါပဲ။

(၂) Broccoli ပန်းဂေါ်ဖီထုပ် အစိမ်းရောင်
ပန်းဂေါ်ဖီအစိမ်းရောင် မှာလည်း ဗိုက်တာမင် စီ ပြည့်ဝနေပါတယ်။ ပန်းဂေါ်ဖီစိမ်း ဖျော်ရည် ခွက် ၁ ဝက်ဟာ နေ့စဉ်လိုအပ်တဲ့ Vit C ၄၃% ပါဝင်တယ်လို့ NIH အမျိုးသား ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ( United States National Institute of Health)
ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံအားမြှင့်တင်ပေးတဲ့ Phytochemicals နဲ့ Antioxidants တွေလည်း ပါဝင်ပါသေးတယ်။ Antioxidants လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တဲ့ Vitamin E ဗိုက်တာမင် အီးလည်း ပါဝင်တာမို့ ပိုးမွှားတွေကို တိုက်ခိုက်ရာမှာ သူက ကူညီပေးမှာပါ။

(၃) Chickpeas ကုလားပဲ သို့မဟုတ် ဆင်ခေါင်းပဲ
Chickpeas တွေမှာ အသားဓါတ် အမြောက်အများပါဝင်ပြီး၊ အရေးကြီးဆုံး အာဟာရဖြစ်တဲ့ အမိုင်နိုအက်ဆစ်လည်း ပါဝင်တာမို့ ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေ ကြီးထွားဖို့နဲ့ ပြန်လည်ပြုပြင်ရေးတွေမှာ အထောက်အကူပြုပါတယ်။ Chickpeas တွေမှာ ဇင့် ဓါတ်တွေ ပြည့်နှက်နေပြီး ဒါဟာ ကိုယ်ခံစွမ်းအား စနစ်ကို ထိန်းသိမ်းရေးမှာ လိုအပ်တဲ့ အရာဖြစ်ပါတယ်။ ကုလားပဲကို ဆီတစ်ဇွန်းလောက်နဲ့ ရောပြီး အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်လောက်မှာ ကြော်လိုက်မယ်ဆိုရင် အမြန်ဆုံးရနိုင်တဲ့ စားစရာတစ်ခုဖြစ်လာမှာပါ။

(၄) Strawberries စတော်ဘယ်ရီများ
စတော်ဘယ်ရီတွေကိုဖျော်ပြီး သောက်လိုက်မယ်ဆိုရင် ဖျော်ရည်ခွက် ၁ ဝက်မှာပဲ နေ့စဉ်လိုအပ်တဲ့ Vitamin C ၅၀% ထိ ရနိုင်ပါတယ်။ စတော်ဘယ်ရီကိုတော့ ဒိန်ချဉ်၊ ကွေကာအုပ်၊ ဂျုံ နဲ့ မြေပဲထောပတ်အရော စတာတွေနဲ့ တွဲဖက် စားပေးဖို့ မှတ်ချက်ပေးထားကြပါတယ်။

(၅) Garlic ကြက်သွန်ဖြူ
ကြက်သွန်ဖြူရဲ့ ဂုဏ်သတ္တိတွေက အများကြီးပါပဲ။ အဲ့ထဲကမှ သွေးတိုးလျော့ကျစေတာ၊ နှလုံးရောဂါဖြစ်နိုင်ချေတွေကို လျှော့ချပေးတာက အသိသာဆုံးပါပဲ။ ကြက်သွန်ဖြူကလည်း ကိုယ်ခံအား မြှင့်တင်ပေးတဲ့ စွမ်းရည်တွေ၊ ဆာလဖာရ်ပါဝင်တဲ့ ဓါတ်ပေါင်းတွေ၊ အချို့ကူးစက်ရောဂါတွေကို တိုက်ဖျက်နိုင်စွမ်းတွေ မြင့်မားနေပါတယ်။
၂၀၀၁ အဆင့်မြင့်ကုသရေးဆိုင်ရာ လေ့လာမှုမှာ ပါဝင်ခဲ့ကြတဲ့သူတွေက ကြက်သွန်ဖြူကို ဖြည့်စွက်အစာအနေနဲ့ စားပေးသူတွေဟာ အအေးမိနိုင်ချေ ပိုနည်းတယ်လို့ ဆိုကြပါတယ်။

(၆) Mushrooms
မှိုအမျိုးမျိုးပါ။ မှိုတွေမှာ ဗိုက်တာမင် ဒီ Vit D အများဆုံးပါဝင်နေပါတယ်။ မှိုကရတဲ့ ဗိုက်တာမင် ဒီ ကို Shunshine Vitamin လိုပဲ ကယ်ဆီယမ်ဓါတ်စုတ်ယူနိုင်မှု မြင့်မားစေခြင်း၊ ထိုသို့ စုတ်ယူနိုင်ခြင်းကြောင့် အရိုးကျန်းမာရေးအတွက် ကောင်းမွန်ခြင်း နဲ့ အချို့သော ကင်ဆာရောဂါများ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ကာကွယ်နိုင်ခြင်း စတဲ့ ကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။

(၇) Spinach ဟင်းနုနွယ်
ဟင်းနုနွယ်မှာ ဗိုက်တာမင် စီ နဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပမာဏများများပါဝင်ပြီး ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်နိုင်တဲ့ ဆဲလ် ထိခိုက်မှုတွေကို ကာကွယ်ပေးပါတယ်။
ဒါ့အပြင် ဟင်းနုနွယ်မှာ Beta Carotene ပါဝင်ပြီး ဘီတာ ကယ်ရိုတင်းက နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင် အေ ရဲ့ အရင်းအမြစ် ဖြစ်ပါတယ်။
ပန်းဂေါ်ဖီစိမ်းလိုပဲ ဟင်းနုနွယ်ကိုလည်း အစိမ်းစားဖို့ ဒါမှမဟုတ် အတော်အသင့် ကျက်ရုံသာ ချက်စားခြင်းက ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်ပါတယ်။
ဟင်းနုနွယ်နဲ့ ကြက်ဥ၊ ကြက်သွန်ဖြူ အရောကြော်စားမယ်ဆိုရင် သင့်အတွက် အကောင်းဆုံး ကိုယ်ခံအားမြှင့် မနက်စာဖြစ်လာစေမှာပါ။

(၈) Yogurt ဒိန်ချဉ်
ဒိန်ချဉ်မှာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပိုးတွေ အများကြီး ပါဝင်ပြီး ကိုယ်ခံစွမ်းအားကို အကောင်းဆုံးမြှင့်တင်ပေးနိုင်ပါတယ်။ မကြာသေးမီက စစ်တမ်းထုတ်ပြန်ချက်များအရ ဒိန်ချဉ်ဟာ သာမန်အအေးမိတာတွေကို ကောင်းကောင်း ချေဖျက်နိုင်ပြီး၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေကို ပြန်လည်တုံ့ပြန်ရာမှာလည်း ထိရောက်မှုရှိတာတွေ့ရပါတယ်။

(၉) Sunflower Seeds နေကြာစေ့များ
နေကြာစေ့တွေမှာ ပါဝင်တာကတော့ ဗိုက်တာမင် အီး ဖြစ်ပါတယ်။ နေကြာစေ့လှော် ၁ အောင်စ စားပေးလျှင် နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင် အီး ၄၉% ထိ ရရှိနိုင်ပါတယ်လို့ NIH က ထုတ်ပြန်ထားပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ သင်နှင့် သင့်မိသားစု၊ သူငယ်ချင်းများကျန်းမာရေးအတွက် Like & Share လုပ်၍ မျှဝေပေးပါရန် မေတ္တာရပ်ခံပါသည်။
Orio Economics

source: cnbc, brittany anas, NIH, image: insider

%d bloggers like this: