0

ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်မိခင်မှ မွေးကင်းစကလေးငယ်သို့ ပိုးကူးစက်နိုင်ခြေ အနည်းဆုံး (၁၀) ရာခိုင်နှုန်းရှိ

Share

Photo : ChinaDaily

      ဒီစမ်းသပ်ချက်ကိုတော့ တရုတ်နိုင်ငံက သုတေသနပညာရှင်တွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဝူဟန်မြို့ ဗိုင်းရပ်စ်ပြန့်နှံ့နေချိန်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်သည် (၃၃) ယောက်ကို သီးခြားခွဲထုတ်ပြီး စောင့်ကြည့် စစ်ဆေးသုတေသနလုပ်ခဲ့တဖြစ်ပါတယ်။ ဒီကိုယ်ဝန်ဆောင်သည် (၃၃) ယောက်ကမွေးလာခဲ့တဲ့ ကလေး (၃၃) ယောက်မှာမှ ကလေး (၃) ယောက်သာ ကိုရိုနာဗိုင်းရပ်စ်ပိုး Positive ပြခဲ့တာပါ။ ဒါကြောင့်လည်း မိခင်မှသည် ကလေးကို ကူးစက်နိုင်မှု (၁၀) ရာခိုင်နှုန်းပတ်ဝန်းကျင် အနည်းဆုံးရှိတယ်လို့ ထုတ်ပြန်ခဲ့ဖြစ်ပါတယ်။
          ဒီကလေး (၃)ယောက်စလုံးဟာ ယောက်ျားလေးတွေဖြစ်ကြပြီး ပထမဆုံးကလေးက ကိုယ်ဝန်ဆောင်ရက်သတ္တပတ် (၄၀)အပြည့်မှာ မွေးဖွားခဲ့တာပါ။ မွေးပြီး ၂ရက်အကြာမှာ နူမိုးနီးယားအဆုတ်ယောင်လက္ခဏနဲ့ အဖျားရောဂါဝင်ခဲ့ပြီး ဓါတ်ခွဲစစ်ဆေးကြည့်ရာမှာ Positive ပြခဲ့တာပါ။ ဒါပေမဲ့ နောက် ၆ရက်အကြာမှာတော့ Negative ပြန်ပြခဲ့ပြီး ကျန်းမာရေးလဲပြန်လည်ကောင်းမွန်ခဲ့ပါတယ်။ ဒုတိယကလေးကတော့ ကိုယ်ဝန်ဆောင်ရက်သတ္တပတ် (၄၀)နဲ့ ၄ရက်အကြာမှာ မွေးဖွားခဲ့တာပါ။ သူလည်း ပထမကလေးလိုပဲ အဖျားလက္ခဏာတွေ၊ အန်တာတွေ၊ မျောနေတဲ့လက္ခဏာတွေပြခဲ့ပြီး သူ့ကိုစစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေတာ တွေ့ခဲ့တာပါ။ သူလည်းအရင်တစ်ယောက်လိုပဲ နောက် ၇ရက်အကြာမှာ Negative ပြန်ပြခဲ့ပါတယ်။
          တတိယကလေးကတော့ အရင်နှစ်ယောက်ထက် နည်းနည်းအခြေအနေဆိုးပါတယ်။ သူက ကိုယ်ဝန်ဆောင်ရက်သတ္တပတ် (၃၁)ပတ်တည်းနဲ့ လမစေ့ဘဲမွေးလာခဲ့ပြီး အသက်ရှုကြပ်တဲ့လက္ခဏာတွေ အြပ်ငးအထန်ပြခဲ့ပါတယ်။ ဒါကြောင့် ပြင်ပအသက်ရှုကိရိယာ (Mechanical Ventilator) ပေးခဲ့ရပြီး Sepsis လို့ခေါ်တဲ့ ခန္ဓာကိုယ်ခုခံအား စနစ်က ဗိုင်းရပ်စ်ကိုတိုက်ခိုက်ချိန်မှာဖြစ်လာတဲ့ သွေးဆိပ်တက် ရောင်ရမ်းလက္ခဏာတွေပါတွေ့ရတဲ့အတွက် ပိုးသတ်ဆေးတွေပါ ထပ်ပေးခဲ့ရပါတယ်။ ဒါပေမဲ့ နောက် ၇ရက်အကြာမှာတော့ သူဟာ ရောဂါကိုအောင်နိုင်ခဲ့ပြီး ပြန်လည်စစ်ဆေးရာမှာ Negative ဖြစ်ခဲ့ပါတယ်။ သုတေသနပညာရှင်တွေကတော့ မိခင်ကနေ ကလေးကို ပိုးကူးစက်ရာမှာ သန္ဓေသားဘဝထဲက အချင်းတိုင်ကနေ ကူးစက်တာလား မီးဖွားတဲ့အချိန်ကြမှ ကူးစက်သွားတာလားဆိုတာကိုတော့ အပြီးသတ်ကောက်ချက်မချနိုင်သေးပါဘူး။
         နောက်စမ်းသပ်ချက်တစ်ခုမှာတော့ တရုတ်နဲ့ ဟောင်ကောင်က ကိုယ်ဝန်ဆောက်သည် (၃၂) ယောက်ကို စောင့်ကြည့်သုတေသနပြုခဲ့ရာမှာ အချိန်မတိုင်ခင် ကလေးမွေးဖွားမှုနှုန်း (၄၆) ရာခိုင်နှုန်းထိရှိနေတာကို တွေ့ခဲ့ရပါတယ်။ ဒီစမ်းသပ်ချက်မှာတော့ ကလေးဘယ်နှစ်ယောက် ကူးစက်ခံရလဲဆိုတာ ဖော်ပြမသွားခဲ့ပါဘူး။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: dailymail

%d bloggers like this: