0

Covid-19 ကပ်ရောဂါကာလအတွင်း ဆေးလိပ်သောက်သုံးခြင်း၊ ရောင်းချခြင်းများ ဆင်ခြင်ဖို့ ဆေးလိပ်သောက်သုံးသူများနဲ့ စီးကရက်ကုမ္ပဏီများကို ဆရာဝန်များတိုက်တွန်း

Share

          ပြီးခဲ့တဲ့ တနင်္လာနေ့ (၀၆-၀၄-၂၀၂၀) တုန်းက ကျန်းမာရေးပညာရှင်တွေဟာ ကမ္ဘာတစ်ဝှမ်းက ဆေးလိပ်သောက်သုံးသူတွေ အနေနဲ့ ဒီကိုရိုနာကပ်ရောဂါကြီးအတွင်း တတ်နိုင်သမျှ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ကြဖို့နဲ့ စီးကရက်ကုမ္ပဏီကြီးတွေအနေနဲ့လည်း ဒီအချိန်မှာ စီးကရက်ထုတ်လုပ်ခြင်းကိုရပ်ဆိုင်းထားသင့်ကြောင်း အကြုံပြုချက်တစ်ခုကိုကြေငြာခဲ့တာပါ။ နိုင်ငံတကာ အဆုပ်နဲ့ တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်သလို၊ တရုတ်နိုင်ငံရဲ့ ဆေးလိပ်၊ ဆေးရွက်ကြီးထိန်းချုပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ဒေါက်တာ ဂွမ်ကွမ်းကတော့ “ဆေးလိပ်နဲ့ ဆေးရွက်ကြီးထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဒီကိုရိုနာကပ်ရောဂါတိုက်ဖျက်ရေးမှာ လက်တွဲပါဝင်ချင်တယ်ဆိုရင် လုပ်ရမှာတစ်ခုပဲရှိပါတယ်။ ဒါကတော့ ခုချက်ခြင်း စီးကရက်တွေထုတ်လုပ်တာကိုရပ်ဖို့နဲ့ စီးကရက်ကြောငြာတွေ ထုတ်လွှင့်တာ ရပ်ပစ်ဖို့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
          သူတို့အဖွဲ့ကထုတ်ပြန်တဲ့ အကြံပြုချက်ထဲမှာဆိုရင်တော့ ခုချိန်ခါမှာ ကမ္ဘာပေါ်က သန်းပေါင်း ၁၃၀၀ နီးနီးရှိတဲ့ ဆေးလိပ်သောက်သူတွေနဲ့ Covid-19 ကပ်ရောဂါကြီးကြားထဲမှာ နက်ရှိုင်းတဲ့ ဆက်စပ်မှုတွေရှိနေပြီးတော့ အထူးသဖြင့် ကျန်းမာရေးစောက်ရှောက်မှုအားနည်းတဲ့ တတိယနိုင်ငံတွေမှာဆိုရင် ပိုဆိုးပါလိမ့်မယ်။ ဆေးလိပ်သောက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို အားနည်းစေပြီး ပြင်ပကဝင်လာတဲ့ ရောဂါပိုးတွေကို တုန့်ပြန်နိင်စွမ်းအားနည်းစေပါတယ်။ တချို့ဆေးလိပ်သမားတွေဆို အဆုပ်ရောဂါအခံရှိပြီးသားဖြစ်နေကြသလို တချို့ဆိုရင်လည်း အဆုပ်အားနည်းတဲ့ လက္ခာတွေရှိနေကြပြီး ဒီလိုလူမျိုးတွေဟာ Covid-19လို အဆုပ်ကို အပြင်းအထန်ဒုက္ခပေးတဲ့ ပိုးမျိုးနဲ့တွေ့ရင် ခံနိုင်ရည်ရှိကြမှာမဟုတ်ဘူးလို့ ပါဝင်ပါတယ်။
         အပေါ်က ဒေါက်တာ ဂွမ်ကွမ်းကတော့ ဆေးလိပ်သောက်တဲ့သူတွေကို ပြောပြချင်တာက ခုချိန်ဟာ ဆေးလိပ်ဖြတ်ဖို့အကောင်းဆုံးအချိန်ပါပဲ။ ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ရဲ့ Covid-19 လူနာတွေအပေါ်လေ့လာချက်အရ ဆေးလိပ်သမားတွေ ရောဂါကူးစက်ခံရရင် ပုံမှန်လူတွေထက် ရောဂါလက္ခဏာပိုရှုပ်ထွေးပြီး အသက်ရူစက်အကူအညီယူရတဲ့ သူတွေများလို့ပါတဲ့။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: TheNewYorkTime

%d bloggers like this: