တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ခဲ့တဲ့ Coronavirus ဟာ ကမ္ဘာ့စီးပွားရေးအပေါ် ဘယ်လောက်ထိ သက်ရောက်မှုရှိမှာလဲ၊ အလားတူ၂၀၀၃ ခုနှစ်က တရုတ်နိုင်ငံကပဲ စတင်ဖြစ်ပွားခဲ့တဲ့ SARS ရောဂါထက် ပိုမိုဆိုးရွားသွားနိုင်သလားဆိုတာ ကမ္ဘာ အရပ်ရပ်က ဘောဂဗေဒ ပညာရှင်တွေက ခန့်မှန်းချက်တွေနဲ့အတူ မေးခွန်းထုတ်ထားကြပါတယ်။
Made in China နဲ့လွတ်ကင်းတဲ့နိုင်ငံဆိုတာမရှိ။
World Bank ရဲ့data အရ တရုတ်နိုင်ငံဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ကုန်ထုတ်လုပ်သူဖြစ်ပြီး ဝူဟန်မြို့ဟာ နည်းပညာလုပ်ငန်း၊ မော်တော်ကားထုတ်လုပ်မှု နှင့် ကုန်ကြမ်းပစ္စည်းများကို ကမ္ဘာတဝှမ်းလုံးကို တင်ပို့နေတဲ့ supply chain hub ကြီးတခုဖြစ်ပါတယ်။ Coronavirus ဟာ တိုက်တိုက်ဆိုင်ဆိုင် တရုတ်နှစ်သစ်ကူးကာလမှာ စတင်ဖြစ်ပွားခဲ့တာကြောင့် ပြည်တွင်း စီးပွားရေးဟာ ရပ်တန့်လိုက်ရပြီး ခရီးသွားဝင်ရောက်မှုဟာ ရုတ်တရက် ရပ်တန့်သွားတာကြောင့် စီးပွားတုံ့နှေးမှုကို ကမ္ဘာတဝှမ်းလုံးက ခံစားနေရပါတယ်။ ယခုအချိန်မှာတော့ ဝူဟန်မြို့မှာရှိတဲ့ စက်ရုံနှင့် လက်လီအရောင်းဆိုင်များအားလုံးကို ပိတ်ထားရပါတယ်။
တရုတ်ပြည်တွင်းမှာရှိတဲ့ Starbucks ဆိုင်ခွဲများအားလုံးကိုလည်း ပိတ်ထားပြီး Apple လို tech ကုမ္ပဏီကြီးက သူ့ရဲ့product အသစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းထားရပါတယ်။ Virus ကြောင့် Apple ရဲ့second quarter earnings မှာ အကြီးအကျယ် ဆုံးရှုံးနစ်နာမှုနဲ့ရင်ဆိုင်နေရပါတယ်။ တရုတ်ရဲ့အဓိက tourist attraction တွေဖြစ်တဲ့ Beijing’s imperial palace နှင့် Disney land တို့ကိုပိတ်ထားပြီး နိုင်ငံတကာ လေကြောင်းလိုင်း ပျံသန်းမှုတွေကိုပါ ရပ်တန့်ထားရပါတယ်။
တချိန်က SARS
မတည်ငြိမ်သေးတဲ့ Coronavirus ကပ် အတွင်းမှာတော့ စီးပွားရေးအရ ဘယ်လောက်ထိ ထိခိုက်နစ်နာမှုရှိမယ် ဆိုတာကို ဘယ်သူကမှ အတိအကျမခန့်မှန်းနိုင်သေးပါဘူး။ ဒါပေမဲ့ ၂၀၀၃ ခုနှစ်က အလားတူ တရုတ်နိုင်ငံက စတင်ခဲ့ပြီး လူ ၈၀၀ ကျော်သေဆုံးခဲ့တဲ့ SARS ထက် Corona Virus ရဲ့အခြေအနေက ပိုမိုဆိုးရွားမယ်လို့ခန့်မှန်းထားကြပါတယ်။ အဲဒီတုန်းက တရုတ်ရဲ့စီးပွားရေးတိုးတက်မှု ၂% ကျဆင်းစေခဲ့ပြီး exports လုပ်ငန်းနှင့် tourism လုပ်ငန်းတွေမှာ အကြီးအကျယ်ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
Bloomberg ရဲ့ဘောဂဗေဒ ပညာရှင်များဖြစ်တဲ့ Chang Shu, Jamie Rush နှင့် Tom Orlik တို့က ၂၀၀၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ SARS အတွေ့အကြုံများကို အခြေခံပြီး ယခု Coronavirus ကြောင့် တရုတ်နှင့် ကမ္ဘာ့စီးပွားရေးဟာ SARS ထက် ပိုမိုဆိုးရွားမဲ့ အကြောင်းပြောထားပါတယ်။ အဲဒီအကြောင်းအရင်းတွေထဲမှာ Coronavirus က တရုတ်ပြည်တွင်း စားသုံးဝယ်ယူမှု အမြင့်ဆုံးဖြစ်တဲ့ နှစ်သစ်ကူးကာလမှာ စတင်ဖြစ်ပွားခြင်း၊ ဒီလို လူတွေငွေကြေးသုံးစွဲမှု အတိုင်းအတာက ပွဲတော်ပြီးနောကပိုင်း ပြန်လည်မရရှိနိုင်တော့ခြင်း စတဲ့အချက်များ ပါဝင်ပါတယ်။ ဒါ့အပြင် SARS ရောဂါဖြစ်ပွားတုန်းက မြို့တမြို့လုံးပိတ်ထားရလောက်အောင် မဟုတ်ပေမဲ့ ဒီတခေါက် virus ကိုတော့ မြို့တွေကို ပိတ်ထားတဲ့အထိ ကြီးမားကျယ်ပြန့်ပါတယ်။
တကမ္ဘာလုံး၏ စီးပွားရေး အထိနာခြင်း။
တရုတ်နှင့်ဆက်စပ်နေတဲ့ အာရှစီးပွားရေးလုပ်ငန်းငယ်ပေါင်းများစွာဟာ ဒီလိုရုတ်တရက် ရပ်တန့်သွားတဲ့ စီးပွားရေး အပေါ်ခုခံကာကွယ်နိုင်စွမ်းမရှိပဲ၊ ဒီလိုရုတ်တရက် စီးပွားရေး ရပ်တန့်မှုဟာ မမျှော်လင့်တဲ့ recession ကိုဦးတည်သွားနိုင်တယ်လို့ Morgan Stanley ဥက္ကဌဟောင်း Stephen Roach က CNBC ကိုပြောထားပါတယ်။ Federal Reserve Bank ရဲ့အရာရှိဖြစ်သူ Jeremy Powell က Coronavirus နဲ့ပတ်သက်ပြီး “တရုတ်ရဲ့ကြီးမားတဲ့ ကုန်သွယ်မှုလုပ်ငန်းကြီးဟာ ကမ္ဘာ့စီးပွားရေးအပေါ် အများကြီး သက်ရောက်မှု ရှိနေတာကြောင့် တရုတ်သာ ကျဆုံးရင် သူ့အနီးတဝိုက်ကလူတွေသာ မကဘူး၊ တကမ္ဘာလုံးခံစားရမှာပဲ” လို့ပြောခဲ့ပါတယ်။
ဒီအရာတွေအားလုံးဟာ တရုတ်က Virus အပေါ် ဘယ်လောက်ထိထိရောက်ရောက် ထိန်းချုပ်နိုင်သလဲနှင့် ဘယ်လောက်မြန်မြန်ထိန်းချုပ်နိုင်မှာလဲ အပေါ်မူတည်နေပါတယ်။ ၉၀%ဆုံးရှုံးမှုတွေဟာ လူတွေက ရောဂါကူးစက်မှုအပေါ် စိုးရိမ်စိတ်ကြောင့်ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ ရောဂါကူးစက်မခံရဖို့ရုံးတွေ၊ စားသောက်ဆိုင်တွေ၊ လက်လီဆိုင်တွေ နှင့် လူအထိအတွေ့မပြုနိုင်အောင် လူစည်ကားတဲ့ ဆိုင်တွေ ပိတ်သိမ်းပစ်ရခြင်းမှ ဖြစ်ပေါ်လာပါတယ်။ အဲဒီကတဆင့် မြို့ကြီးတခုလုံးပါ ပိတ်ထားပြီး အရေးပေါ်အခြေအနေအရ ဆေးကုသမှုများကလွဲပြီး တမြို့လုံးကို ပိတ်ထားပါတယ်။
Stock Market, Oil & Gas, Tourism.
နိုင်ငံတကာရှုထောင့်မှကြည့်လျှင် သွင်းကုန် ပို့ကုန်လုပ်ငန်းမှာ တရုတ်ကို အဓိက အားထားနေရတဲ့ အာရှနိုင်ငံများ နှင့် တရုတ် ခရီးသွားများကို အဓိကထားနေရတဲ့ ဟောင်ကောင်၊တောင်ကိုရီးယားနှင့် ဗီယက်နမ် နိုင်ငံများကို ထိခိုက်မှုပြင်းထန်ပါတယ်။ စားသုံးကုန်များ အဓိကတင်ပို့နေရတဲ့ သြစတြေးလျ နှင့် ဘရာဇီးနိုင်ငံတို့လဲ ပါဝင်ပါတယ်။ တရုတ်ကို မီခိုမှုနည်းလေ ရိုက်ခတ်မှုနည်းလေပါပဲ။ အလုပ်ဖြစ်နေတဲ့ လုပ်ငန်းတချို့ကတော့ Mask၊ လက်အိတ်ထုတ် လုပ်ငန်းများနှင့် ဆေးဝါးလုပ်ငန်းများဖြစ်ပြီး ဟိုတယ်၊ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်း၊ export နှင့် စားသောက်ကုန်လုပ်ငန်းများကတော့ ထိခိုက်မှုအများဆုံးဖြစ်ပါတယ်။ ဟောင်ကောင် လေကြောင်းလိုင်းကြီးဖြစ်တဲ့ Cathat Pacific ကတော့ နောက် ၂ လအထိ တရုတ်ပြည်မကြီးက ပျံသန်းနေတဲ့ လေယာဉ် ၉၀% ကိုရပ်နားထားမှာဖြစ်ပြီး (to preserve cash ငွေသားကာကွယ်ရန် အတွက် ) အဲဒီရက်ပိုင်းအတွင်း အလုပ်သမား ၂၇,၀၀၀ ကို unpaid leave (လုပ်အားခ မရရှိတဲ့ခွင့်) အဖြစ် ခွင့် ၃ ပတ်ယူဖို့တိုက်တွန်းထားပါတယ်။
ကမ္ဘာ့ရေနံဈေးကိုလဲ ရိုက်ခတ်မှုရှိနေပါတယ်။ အဓိက အကြောင်းအရင်းကတော့ အချို့လုပ်ငန်းရှင်တွေက Virus ကြောင့် ဝယ်လိုအားအလွန်အမင်းကျဆင်းသွားလိမ့်မယ်ဆိုတဲ့ အစိုးရိမ်လွန်မှုတွေကြောင့်လို့ရေနံဈေး သုံးသပ်သူတွေက ဆိုပါတယ်။ တရုတ်ရဲ့ရေနံဝယ်လိုအားကျဆင်းမှု တွေကြောင့် ရေနံဈေးဟာ ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ ၁၅% ကျဆင်းခဲ့ပြီး ဖြစ်ပါတယ်။ ရေနံတင်ပို့သူတွေက ဝယ်လိုအားကျဆင်းမှုကြောင့် ရေနံဈေးထိုးကျမှာကို ကာကွယ်ဖို့ရေနံထုတ်လုပ်မှုကို ရပ်ဆိုင်းထားဖို့ဆွေးနွေးနေကြပါတယ်။
တရုတ်အစိုးရနဲ့ China Central Bank ကတော့ market ထဲမှာလိုအပ်တဲ့ ငွေကြေးကိုထောက်ပံ့ပေးဖို့နဲ့တရုတ်အကျိုးစီးပွားကို ကာကွယ်ဖို့အဆင်သင့်ဖြစ်နေပါပြီ။ တဖက်မှာလဲ တရုတ်စီးပွားရေးကို ၆% ထိတိုးမြှင့်ပေးမဲ့ master plan ကိုလဲ ရပ်ဆိုင်းထားဖို့အကြိတ်အနယ်ဆွေးနွေးနေကြပါတယ်။
မျှော်လင့်ချက်
၂၀၀၂ ခုနှစ်မှာ ကမ္ဘာ့ကုန်ထုတ်လုပ်မှုအမြင့်ဆုံး အဆင့် ၆ မှာရှိခဲ့တဲ့ တရုတ်နိုင်ငံဟာ ၂၀၂၀ ခုနှစ်မှာ ဒုတိယ နေရာမှာ ရပ်တည်နေတာကြောင့် တရုတ်စီးပွားရေး အနည်းငယ်ကျဆင်းတာဟာ တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံတွေပဲ ခံစားရတာမဟုတ်ဘဲ ဥရောပ အပါအဝင် အနောက်နိုင်ငံများအားလုံးကိုပါ ရိုက်ခတ်တာကြောင့် ဒီရိုက်ခတ်မှုအားလုံးကို သက်သာစေဖို့ဆိုတာ Virus ကို ဘယ်လောက်လျင်လျင်မြန်မြန် ထိထိရောက်ရောက် ထိမ်းသိမ်းနိုင်သလဲ အပေါ်မူတည်နေပါတယ်။ Virus ကိုထိန်းချုပ်နိုင်မဲ့ ဆေးနည်းလမ်းသစ်တွေကို နိုင်ငံအနှံ့အပြားမှာ စမ်းသပ်နေကြပေမဲ့ အောင်မြင်မှုတစုံတရာ မရရှိသေးကြပါဘူး။ ဒါပေမဲ့ ကြိုးစားနေကြဆဲမို့အမြန်ဆုံးထိန်းချုပ်နိုင်ဖို့ပဲ ကမ္ဘာတဝန်းက မျှော်လင့်နေရပါတော့တယ်။
Source: BBC, Bloomberg, Reuters