0

အရေအတွက်ထိုးတက်လာသော တရုတ်ကျောက်မီးသွေးဓါတ်အားရုံများ

Share

ယခု လ အစောပိုင်း Global Energy Monitor က ထုတ်ပြန်သောအချက်အလက်အသစ်များအရ တရုတ်နိုင်ငံသည် ပြည်မအတွင်း လွန်ခဲ့သော ၇ နှစ်လုံး ခွင့်ပြုပေးခဲ့သော ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်ရုံအရေအတွက်ထက် ပြီးခဲ့သည့် ၂၀၂၂ က ခွင့်ပြုခဲ့သော ဓါတ်အားပေးရုံ အရေအတွက်က ပိုမိုများပြားနေခဲ့သည်။

ကပ်ဘေးနောက်ပိုင်း လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကို ကြုံခဲ့ရသော တရုတ်နိုင်ငံသည် ၂၀၂၂ တွင် သီတင်း ၁ ပတ်လျှင် ဓါတ်အားပေးရုံ ၂ လုံးနှုန်း ဆောက်လုပ်ခွင့်ပြုခဲ့သည်။
ကနဦးနှစ်များက သမ္မတရှီ၏ ကာဗွန်လျှော့ချရေး အစီအစဉ်များကို အကောင်အထည်ဖေါ်ခဲ့ဖွယ်ရှိသော်လည်း လျှပ်စစ်ဓါတ်အားပြတ်လတ်၍ ရုရှားမှ လျှပ်စစ်ဓါတ်အား ဝယ်ယူရသည့် နောက်ပိုင်း အခြေအနေပြောင်းလဲခဲ့သည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ ကျောက်မီးသွေးဓါတ်အားပေးရုံ အရေအတွက်သည် တကမ္ဘာလုံးရှိ ကျောက်မီးသွေးဓါတ်အားပေးရုံစုစုပေါင်း၏ ၆ ဆ မျှ ရှိနေသည်ဟု သိရသည်။

သဘာဝဓါတ်ငွေ့ – LNG Gas များ၏ ရုရှား-ယူကရိန်းစစ်ပွဲ နောက်ပိုင်း ဈေးမြင့်တက်မှုများက တရုတ်နိုင်ငံကို ကျောက်မီးသွေးဘက်သို့ အာရုံစိုက်စေခဲ့သည်ဟု အဆိုပါ Report ကို ပူးတွဲရေးသားသူ Aiqun Yu က ဆိုသည်။

ဓါတ်အားပျက်တောက်မှုကဲ့သို့ စွမ်းအင်အကြပ်အတည်းကြုံရချိန်တွင် စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်ခဲ့ဖွယ်ရှိပြီး ကျောက်မီးသွေးကို အဖြေအဖြစ် အသုံးပြုခဲ့သည်ဟု Yu က ပြောကြားခဲ့သည်။

သို့သော်လည်း တရုတ်နိုင်ငံသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သော နေရောင်ခြည်စွမ်းအင် – Solar Power နှင့် လေအားလျှပ်စစ်စီမံကိန်းများ တည်ဆောက်ရေးတို့တွင်လည်း အခြားနိုင်ငံများထက် ရှေ့က ဦးဆောင်နေသည်ဟု Report တွင် ဖေါ်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးသုံးစွဲနှုန်း အလွန်မြင့်တက်လာခြင်းက သဘာဝပတ်ဝန်းကျင်အတွက် ကာဗွန်ထုတ်လုပ်မှုများ ပိုမိုဆိုးရွားလာမည်ဖြစ်ပြီး ၂၀၃၀ အရောက်တွင် ကာဗွန်ထုတ်လွှတ်မှု အဆိုးဆုံးအခြေအနေရောက်ရှိနိုင်သည်ဟု သိရသည်။
လက်ရှိတွင်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သော နေရောင်ခြည်စွမ်းအင်၊ လေအားလျှပ်စစ် စသည်တို့မှာ ကုန်ကျစရိတ်နှင့် စီးပွားရေးအရ တွက်ချေကိုက်မှုရရန် ဝေးကွာနေဆဲဖြစ်နေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: NPR Org, WAMU Org, ABC Australia
Image: VCG getty images China Coal

%d bloggers like this: