ဗီယက်နမ်ရဲ့ နို့ထွက်ပစ္စည်းကုမ္ပဏီကြီးဖြစ်တဲ့ Vinamilk ဟာ ကိုးရီးယားရဲ့ တိုးတက်လာတဲ့ နို့ထွက်ပစ္စည်း ဝယ်လိုအားကို ဖြည့်စည်းဖို့အတွက် ကိုးရီးယားနို့ထွက်ပစ္စည်းဈေးကွက်ကို စတင်ဝင်ရောက်တော့မယ်လို့ ကြေငြာခဲ့ပါတယ်။ Vina Korea လို့နာမည်ပေးထားတဲ့ ဒီကုမ္ပဏီဟာ ကိုးရီးယားမှာရှိတဲ့ နို့ထွက်ပစ္စည်း ဖြန့်ဖြူးရေးလုပ်ငန်း ၅ခု ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပြီး Vinamilk ကထုတ်တဲ့ ပဲနို့၊ နို့လက်ဖက်ရည်၊ ပေါင်းခံနွားနို့ပေါင်းစပ်ထားတဲ့ ကော်ဖီစတဲ့ ပစ္စည်းတွေကို စတင်ဖြန့်ချိသွားမှာပါ။ လောလောဆယ်မှာတော့ ကုန်တိုက်တွေမှာ မခင်းကျင်းနိုင်သေးဘဲ အွန်လိုင်းရှော့ပင်း ဝက်ဆိုဒ်တွေဖြစ်တဲ့ 11Street Co. နဲ့ eBay Korea LLC တို့ကတဆင့်သာ မှာယူလို့ရမှာဖြစ်ပါတယ်။
Vinamilk ဟာဆိုရင် ဗီယက်နမ်ရဲ့ အကြီးဆုံးကော်ပိုရေးရှင်းစာရင်းမှာ နံပါတ်၁၅ ချိတ်ခဲ့ပြီး ၂၀၁၀မှာဆိုရင် Forbes Asia ရဲ့ ဝင်ငွေ ၁ဘီလီယံအောက်ရှိ အကောင်းဆုံး အလတ်စား ကုမ္ပဏီစာရင်းမှာ ပထမဆုံးဖော်ပြခံရတဲ့ ဗီယက်နမ်ကုမ္ပဏီပဲဖြစ်ပါတယ်။ Vina Korea ရဲ့ Chief Finicial Officer ယွန်းယူဝမ်ကတော့ ကိုရီးယားရဲ့ ပရီမီယံနို့ထွက်ပစ္စည်း ဈေးကွက်ဟာ ဝယ်လိုအား တရိပ်ရိပ် တက်နေတဲ့အတွက် ဒီအချိန်ဟာ Vinamilk အတွက်တော့ အချိန်ကောင်းပါပဲလို့ ပြောပါတယ်။ နောက်ပြီး Vinamilk ဟာ ဥရောပရဲ့ အစားအသောက်ထိန်းချုပ်ကွပ်ကဲမှု စံနှုန်းတွေကို ပြည့်မီတဲ့အတွက် ကိုးရီးယားပြည်သူတွေ အနေနဲ့ ယုံကြည့်စွာ သောက်သုံးနိုင်ကြောင်း ထပ်လောင်းပြောကြားသွားပါသေးတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Voice of Vietnam
Photo: Retail News Asia