ဘေဂျင်းအစိုးရက ပြီးခဲ့သည့်စက်တင်ဘာတွင် ဗီယက်နမ်မှ ဒူးရင်းသီးများကို တင်ပို့ခွင့်ပြုလိုက်ပြီးနောက်.တရုတ်ပြည်တောင်ပိုင်းမှ ဒူးရင်းသီးကုန်သည်တစ်ဦးဖြစ်သော ဘော့ဝမ်သည် အခွင့်အရေးကို အရယူနိုင်ခဲ့သည်။
တရုတ်ပြည်တောင်ပိုင်းနှင့်ကပ်လျှပ် ဗီယက်နမ်တွင် ဒူးရင်းခြံဧကပေါင်း ၇ထောင်ကျော်ရှိပြီး အခြေအနေပေးလျှင် ဘော့ဝမ်သည် ယခုနှစ်တွင် ဗီယက်နမ်ဒူးရင်းသီး တန်ချိန်.၆သောင်းခန့်ကို တရုတ်ပြည်တွင်းသို့ တင်ပို့နိုင်မည်ဖြစ်ပြီး ယခင် ထိုင်းကုန်သည်များထံမှ တင်သွင်းမှု၏ သုံးဆခန့်ပမာဏဖြစ်သည်။
တရုတ်ပြည်အနေဖြင့် ယမန်နှစ်က ဒူးရင်းသီးတန်ချိန်ပေါင်း ၈သိန်းကျော် တင်သွင်းခဲ့ပြီး ယခုနှစ်တွင် အဆိုပါစံချိန် အလျှင်အမြန်ရောက်ရှိတာ တန်ချိန် ၉သိန်းအထိ ရောက်ရှိနိုင်ကြောင်း ဘော့ဝမ်က ပြောကြားခဲ့ပြီး သူပိုင် TWT ကုမ္ပဏီလက်အောက်ရှိ ကုန်ကားများသည်လည်း ဗီယက်နမ်မှ.ထွက်ရှိသမျှသော ဒူးရင်းသီးများကို ဆက်တိုက်သယ်ယူနေရကြောင်း သူကဆိုသည်။
ယခင်က တရုတ်ပြည်ဒူးရင်းသီးစျေးကွက်ကို ထိုင်းဒူးရင်းသီးများကသာ.ကြီးစိုးထားခဲ့သော်လည်း ယခုအခါ.စိန်ခေါ်သူအသစ်များရှိလာပြီဖြစ်ပြီး ဗီယက်နမ်၊ မလေးနှင့် ဖိလစ်ပိုင်တို့မှ ထွက်ရှိသည့် ဒူးရင်းသီးများဖြစ်သည်။
ဘော့ဝမ်၏ ပြောကြားချက်အရ ယခုနှစ်တွင်.ထိုင်းဒူးရင်းသီးများ၏ အဝင်မှာ ပုံမှန်အတိုင်း ဖြည်းဖြည်းတိုးတက်လျက်ရှိသော်လည်း ဗီယက်နမ်သီးများ၏ အဝယ်လိုက်မှုမှာ သိသိသာသာဖြစ်နေသည်ဟု သိရသည်။
ထိုင်းဒူးရင်းများအနေဖြင့်.အရသာလေးပင်ပြီး နာမည်ရှိသော်လည်း စျေးနှုန်းကြီးမြင့်မှုက အားနည်းချက်ဖြစ်နေပြီး ဗီယက်နမ်ဒူးရင်း၏ စျေးသက်သာမှုက ယခုနှစ်.အဝယ်လိုက်မှုကို ဖြစ်စေကြောင်း တရုတ်သစ်သီးဒိုင် ပိုင်ရှင်တစ်ဦးကဆိုသည်။
လက်ရှိတွင် ဗီယက်နမ်နှင့်.ကပ်ရက်ဖြစ်သော ကွမ်စီပြည်နယ်ရှိ ချောင်ကျိုးမြို့မှာ ဒူးရင်းသီးတင်သွင်းမှု၏ အဓိကနေရာဖြစ်လာရန်ရှိပြီး အဆိုပါမြို့တွင် အအေးခန်းသိုလှောင်ရုံများနှင့် သစ်သီးကုန်ချောထုတ် စက်ရုံများကို တည်ဆောက်ရန် မြို့တော်စီမံခန့်ခွဲမှုကော်မီတီက ကြိုးပမ်းလျက်ရှိကာ စီမံကိန်းသည် ယွမ် ၁.၈ဘီလီယံအထိ တန်ကြေးရှိမည်ဟု သိရသည်။
အဆိုပါစီမံကိန်းပြီးစီးပါက ဗီယက်နမ်ဒူးရင်းများကိုတရုတ်ပြည်အနှံ့ရှိ စူပါမားကတ်များသို့ သုံးရက်အတွင်းအရောက်ပို့နိုင်မည်.ဖြစ်ကာ ထိုင်းဒူးရင်းများထက်.စျေးနှုန်းချိုသောကြောင့် ဒူးရင်းသီးစားသုံးသူများလည်း တရုတ်ပြည်တွင် ပိုမိုတိုးပွားလာဖွယ်ရှိသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source :SCMP
Photo: Prodoce Report